Part 1

1.6K 70 0
                                    

" ရိူင်း "

ရိူင်းနောက်လှည့်ကြည့်လိုက်တော့ vitamin ပင်
Vitamin ဟာ ရိူင်းအား ပြေးဖက်သည်

" ဟျောင့် ဖြေးဖြေးဖက်ပါဟ အရိုးကျိုးကုန်မယ် "

" မင်းကလည်း ငါကအရိုးကျိုးအောင်တော့ ဖက်မလား "

" အဲ့တာနောက်ထား လက်ဆောင်ပါလား မပါရင် ဒီနေရာမှာတင် နေခဲ့ "

" ပါပါတယ်ဟာ မင်းကလည်း မင်းအတွက်ရော နှင်းယုအတွက်ရော အကုန်ပါတယ် "

" ပီးကော ပြန်ရအောင်  "

‌"အေးပါကွာ "

ထို့နောက် အိမ်သို့ပြန်လာခဲ့ကြသည်

Vitamin ဇော်ရိူင်းထက် နှင်းယုမော်တို့က ငယ်ပေါင်းတွေပါ Vitamin ကတော့ ရိူင်းကိုလတစ်ဖက်သတ် ချစ်နေတဲ့သူပေါ့ သူငယ်ချင်းဆိုတဲ့ စည်းက ခြားထားတော့ သူမှာ ဖွင့်မပြောရဲခဲ့

အိမ်သို့ရောက်ပါပီ

" မေမေမြ သားပြန်လာပီ "

" ဟယ် သားလေး vita ပြန်ရောက်ပီလား ဟိုမှာအလုပ်တွေရော ပီးခဲ့ရဲ့လား "

" ပီးခဲ့ပါတယ် မေမေမြရဲ့ မေမေမြရော နေကောင်းရဲ့လား "

"ကောင်းပါ့ရှင် သားရော နေကောင်းရဲ့လား နောက်နေ့မှ လာတာမဟုတ်ဘူး ခရီးပန်းပီး ဖျားအုန်းမယ် "

" ရပါတယ် မေမေမြရဲ့ မေမေမြအတွက် လက်ဆောင်တွေလည်း ပါလာတာမို့ တစ်ခါထဲ လာပေးတာ "

"အို... သားရယ် မဟုတ်တာ မေမေမြအတွက်မလိုပါဘူး "

" ဟာ မဟုတ်တာ ယူပါ မေမေမြ မယူရင် သားစိတ်မကောင်းဖြစ်မှာနော် "

" မဖြစ်ပါနဲ့ရှင် မေမေမြ ယူပ့မယ်ကွယ် လာတုန်း ထမင်းပါ တစ်ခါထဲ စားသွားချေ"

" ရပါတယ် မေမေမြရဲ့ အားနာစရာ "

" အားနာစရာမလိုပါဘူးကွယ် မိအေးရေ ထမင်းဝိုင်းပြင်လိုက်တော့ကွယ် "

" ဟုတ် မေမေကြီး "

ထမင်းဝိုင်းတွင်

" မိအေး နင်အကိုလေးကို သွားခေါ်လိုက်အုန်း "

" ဟုတ် မေမေကြီး "

မိအေးသွားခေါ်ပီးမကြာ ရိူင်းဆင်းလာသည်

" ဗီ  မင်းရောက်နေတာလား "

" ဟုတ်တယ် မေမေမြနဲ့စကားပြောနေတာ "

" အော် အေးပါ "

" ကဲကဲ ပီးမှဆက်ပြော ထမင်းစားကြတော့ "

" ဟုတ် မေမေမြ "

" ဟုတ် မေမေ "

"သားရဲ့ အလုပ်တွေရော အဆင်ပြေခဲ့ရဲ့လား "

" ဟုတ် ပြေပါတယ် ‌"

" အင်းကွယ် သားကမှအားကိုးရသေးတယ် သားသူငယ်ချင်းကတော့ အားကိုးလို့ကိုမရဘူး "

" မေမေကလည်း သားလည်း ဆိုင်ထိုင်ပေးပါတယ်နော် "

" တစ်ပတ်မှ နှစ်ရက်လေးထိုင်ပေးပီးတော့ လာမပြောပါနဲ့ကွယ် "

" မေမေကလဲ "

" ကြည့် သားရေ မင်းသူငယ်ချင်း မေမေမြမှာသာ သမီးရှိရင် သားနဲ့ပေးစားလိုက်တယ် "

" ဟားးဟားး မေမေမြကတော့ ရပါတယ် သမီးမရှိလည်း ကျနော် ရိူင်းကိုဘဲ ယူလိုက်မှာပေါ့ နော် ရိူင်း "

" ဟာ ငါက မင်းကို ယူစရာလား မင်းကိုမယူချင်ပါဘူး "

" ငါကလည်း မယူပါဘူး မေမေမြပြောသလိုဘဲ မင်းက ‌တစ်နေ့တစ်နေ့ အလုပ်တောင်မလုပ်တာ မင်းကိုယူမိရင် ငါဘဲ ထမင်းချက် အဝတ်လျှော် ပိုက်ဆံရှာလုပ်ရနေမှာ "

" ဟာ ဗီ မင်းနော် ငါကို ပြောတာများသွားပီ သွားစိတ်ဆိုးတယ် "

ခြေဆောင့်ကာ အိမ်ပေါ်သို့ ရိူင်းတက်သွားသည် ဗီတာမင်နဲ့ ဒေါ်မြရီက ရီကာ အောက်တွင်ကျန်ခဲ့သည် မြတ်မင်းလည်း မေမေမြနဲ့ စကားခနပြောကာ လက်ဆောင်တွေပေးရင်း အိမ်သို့ပြန်လာခဲ့သည် ဗီတာ အိမ်နဲ့ ရိူင်းအိမ်သည် ဘေးကပ်ရပ်သာဖြစ်သည်ဗီတာအိမ်သို့ရောက်ကာ ခနနား ရေမိုးချိုး ပီး ဖုန်းခနကြည့်ကာ  ပင်ပန်းနေတာကြောင့် ခနလေးအတွင်း ဗီတာမင် အိပ်ပျော်သွားသည်

နှောင်ဖွဲ့သောချစ်ခြင်း(Completed)Where stories live. Discover now