Part 17

635 37 7
                                    

"သားး ဘယ်သွားမလို့လဲ"

"မေသူနဲ့ချိန်းထားလို့"

"အေးကွယ် သားတို့အခုလိုအဆင်ပြေနေတော့ မေမေဝမ်းသာပါတယ်"

"အင်းပါ သားသွားတော့မယ်"

"အေ‌းအေး ဂရုစိုက်အုန်း သမီးလေးမေသူကိုလည်း အိမ်ကိုလာလည်ပါအုန်းလို့ပြောလိုက်နော်"

"ဟုတ်ကဲ့ပါ မေမေ"

ရိူင်းလည်း မေသူချိန်းတဲ့နေရာဆီ ရောက်လာခဲ့သည်
ထောင့်စွန်းဝိုင်းမှာထိုင်နေတဲ့မေသူက ရိူင်းကိုတွေ့တော့ လက်ထောင်ပြသည် ရိူင်းလည်းမေသူရှိတဲ့ဝိုင်းဆီသွားလိုက်သည်

"စောင့်ရတာကြာသွားလား မေသူ "

"ရပါတယ် မကြာပါဘူး ကိုကို ဘာစားမလဲ မှာလေ"

"ရတယ် မစားတော့ဘူး ကိုယ်စားလာတယ်"

"အင်းပါ အန်တီရော နေကောင်းရဲ့လား"

"ကောင်းပါတယ် မေမေကတောင် မေသူကို သူဆီလာလည်ဖို့ခေါ်နေတာ"

"ဟုတ်ပါပီ အားတဲ့ရက်လာလည်လိုက်မယ် ဒါနဲ့ ကိုကိုရှေ့တစ်ရက်က ဘယ်ကိုသွားသေးလဲ မေသူကိုမပြောဘဲ မနေ့ကဖုန်းဆက်တုန်းကလဲ မိန်းကလေးအသံကြားလိုက်တယ် ကိုကိုဘာတွေလုပ်နေတာလဲ"

"ရှေ့တစ်ရက်က ဗီတာရဲ့မောင်ဝမ်းကွဲလာလို့ အပြင်သွားလည်တာပါ မေသူကိုပြောဖို့မေ့သွားတာ မိန်းကလေးအသံဆိုတာက နှင်းယုလေ မနေ့ကနင်းယုတို့ အိမ်ရောက်နေတာ"

"နောက်တစ်ခါ မေသူကို‌မမေ့နဲ့ မေသူမကြိုက်ဘူး ‌ကိုကိုရဲ့စိတ်ထဲမှာမေသူဘဲရှိနေတာကိုလိုချင်တာ တစ်ခြားသူရှိနေတာမလိုချင်ဘူး"

"မဟုတ်ဘူးလေ မေသူရဲ့ ကိုယ်က.."

"တော်ပီ ကိုကို ‌တစ်ဘက်ခါဆို မေသူတို့ 9လပြည့်ပီ တူတူလျှောက်လည်ကြမယ်နော် ကိုကို "

"အင်းပါ"

"ဖြစ်နိုင်ရင်လေ ကိုကို့ကို ပိုင်ဆိုင်ချင်နေပီသိလား မေသူတို့ စေ့စပ်ထားကြမလားဟင် မေသူဆီကနေ ကိုကို့ကို လုယူသွားမှာကြောက်တယ် ကိုကိုရဲ့"

"စေ့စပ်ဖို့က အရမ်းစောသေးတယ်လေ မေသူရဲ့ ကိုယ်အဆင်သင့်မဖြစ်သေးဘူး အခုလည်း မေသူပိုင်နေတာဘဲကို"

နှောင်ဖွဲ့သောချစ်ခြင်း(Completed)Where stories live. Discover now