Part 22

612 36 4
                                    

ဒုန်းးးးးးး

"ရိူင်းးးး "

"သားးး"

ဒေါ်မြရီ သားအား တိုက်သွားသောကြောင့် ချက်ချင်းခြံထဲကနေ ပြေးထွက်လာတော့သည် ဗီတာကလည်း ချက်ချင်းကုန်းထကာ ရိူင်းအားပွေ့ဖက်လိုက်သည် ရိူင်းကတော့ သွေးတွေဖြင့် လှဲနေသည် ရိူင်းအား တိုက်သွားတဲ့ကားက ချက်ချင်းမောင်းပြေးသွားသည် ဗီတာ ကားနံပါတ်အား အမြန်ကြည့်လိုက်တော့ 4G-2267

"မိအေး ဆေးရုံကားအမြန်ခေါ် အခုချက်ချင်းမြန်မြန်သွား "

"ရိူင်းး ဘာမှမဖြစ်နဲ့နော် ဆေးရုံကားခေါ်ထားနေပီ
ခနလေးတောင့်ခံထားနော် ရိူင်းး"

"မေမေ.. သားး သားးတောင်းပန်ပါတယ် "

"မတောင်းပန်ပါနဲ့သားရယ် မေမေမှားတာပါ  "

"သားးလေ ကိုယ်ချစ်တဲ့သူနဲ့ နေချင်တယ် မေမေ "

" သားရယ် "

"ဗီတာ "

"ပြောလေ ရိူင်းရဲ့ ငါနားထောင်နေတယ် "

"ငါ...ငါလေ မင်းကို ချစ်တယ်"

"ငါလည်းချစ်ပါတယ် ရိူင်းရယ် ငါလည်းချစ်ပါတယ်ဟင့် "

"မငိုပါနဲ့ ငါ မင်းငိုတာမမြင်ချင်ဘူး "

"ငါ မငိုတော့ပါဘူးကွာ "

"ဗီတာ ငါအိပ်ချင်နေပီ မေမေ သားအိပ်ချင်တယ်"

"ဟင့်အင်းနော် ရိူင်း ခနလေးပါဘဲ ခနလေးတောင့်ခံထားပါကွာ "

"ဟုတ်ပါတယ် သားရယ် ခနလေးတောင့်ခံထားပါသားရယ် "

ရိူင်းအမြင်တွေဝေဝါးလာခဲ့သည် ဗီတာနဲ့မေမေငိုနေတာကို သူအသံသာကြားရတော့သည် ရိူင်းသတိလစ်သွားတော့သည် ခနကြာ ဆေးရုံကားလာပီး ရိူင်းအားသယ်ဆောင်သွားတော့သည်

ခွဲစိတ်ခန်းရှေ့တွင်

"ရိူင်းအဆင်ပြေမှာပါ ဗီတာရယ် "

"ရိူင်းကလေ သွေးတွေနဲ့ နှင်းယုရဲ့ ရိူင်းအရမ်းနာကျင်နေမှာသူအရမ်းကြောက်နေမှာ ဆေးသောက်ဖို့တောင်ကြောက်နေတဲ့သူက အခုခွဲစိတ်ခန်းမှာ နှင်းယုရယ်  "

"မဖြစ်ပါဘူး ရိူင်းကသန်မာပါတယ်ဟာ မငိုနဲ့တော့နော် "

"ဟင့် ရိူင်းကလေ ငါကိုချစ်တယ်တဲ့ "

နှောင်ဖွဲ့သောချစ်ခြင်း(Completed)Where stories live. Discover now