Part 8

639 38 0
                                    

လပြောင်းများစွာကြာလာသောအခါ

ဗီတာနဲ့ ရိူင်းတောင်မတွေ့တာကြာခဲ့ပီ ရိူင်းနဲ့မေသူတောင်တွဲတာ 8လလောက်ရှိနေခဲ့ပီ
နှင်းယုဆီကတော့ ဗီတာသတင်းအနည်းငယ်ရတယ် သူက သူ့အဖေရဲ့မန္တလေးက အထည်ဆိုင်ကို ဦးစီးနေပီတဲ့ ရန်ကုန်ကို မကြာခနတော့ လာလည်တယ် သူဆီကိုတော့ မလာဘူး ဘာအကြောင်းကြောင့်လဲဆိုတာကို ရိူင်းမသိရဘူး နှင်းယုက သိပေ‌မဲ့ မပြောပေ သူအသိမခံလောက်တဲ့ထိ
ဗီတာဟာ ဘာတွေဖုံးကွယ်နေတာလဲ
ဒေါက် ဒေါက်

"အကိုလေး အောက်မှာ မမလေးမေသူရောက်နေတယ်"

" မေမေမရှိဘူးလား"

"မေမေကြီး အလုပ်သွားတယ် အကိုလေး"

" အေးအေး ငါဆင်းလာခဲ့မယ်"

"ဟုတ် အကိုလေး"

ရိူင်းအောက်ဆင်းလာတော့ မေသူဟာ ထိုင်နေရာကနေ ထပီး ရိူင်းကိုပြေးဖက်သည် ရိူင်းက ချက်ချင်းဘဲ တွန်းဖယ်လိုက်သည်

" မေသူ အိမ်မှာ မအေးရှိတယ် ‌အနေထိုင်ဆင်ခြေ မင်းက မိန်းကလေး"

"ကိုကိုကလဲ မအေးက သူ့ဘာသာအလုပ်လုပ်နေတာ မေသူက ကိုကိုရဲ့ကောင်မလေးပါ ဘာလို့အဲ့လောက်ဖြစ်နေရတာလဲ"

" မင်းဖြစ်နေလို့"

"ကိုကို့"

"မင်းငါကိုအော်စရာမလိုဘူး မေသူလင်း"

" ကိုကို့ ကိုမေသူအော်တာမဟုတ်ဘူး ဘာလို့လဲ တွဲခဲ့တဲ့8လလုံး ကိုကိုမေသူကို နည်းနည်းတောင်မချစ်ခဲ့ဘူးလား"

"မချစ်ခဲ့ဘူး ငါမင်းကိုပြောခဲ့တယ်လေ "

"ဘာလို့လဲ ကိုကိုရဲ့"

"ငါဟန်ဆောင်ပီး မချစ်ချင်ဘူး ချစ်လည်းမချစ်တတ်ဘူး "

"မေသူအပေါ်ကောင်းပေးခဲ့တာတွေက"

"မေမေကြောင့်လေ မေမေကြောင့်သာမဟုတ်ရင် မင်းနဲ့ စကားမပြောနဲ့ မင်းအသံရော မင်းရုပ်ရောမကြားချင်ဘူကွာ သိလား တစ်ခါလေ ငါကိုအမိန့်ပေးတဲ့မင်းကိုလေ အရမ်းမုန်းတယ်သိလား"

"မုန်းလေ မုန်းလည်း မေသူဂရုမစိုက်ဘူး အခုလက်ရှိမှာ မေသူက ကိုကိုပိုင်တယ် နောက်လည်းပိုင်အုန်းမှာဘဲ"

"မင်းလိုချင်တာရမယ်ဆိုတာ ငယ်ငယ်ကဘဲရှိမယ် မေသူလင်းအခု မင်းကအရွယ်ရောက်နေပီ မင်းဖြစ်ချင်တာတွေအကုန် မဖြစ်လာနိုင်ဘူး"

" ဖြစ်လာနိုင်ရင်ရော "

" အရမ်းစိတ်ကူးမယဉ်နဲ့ မေသူလင်း"

" စောင့်ကြည့်လိုက်ပါ မေသူရဲ့ သတိုးသားနေရာက ကိုကိုဘဲဆိုတာကို မေသူပြန်တော့မယ် အခုပြောတာတွေအတွက် ကိုကို ပြန်ခံစားစေရမယ်"

မေသူလင်းဒေါသတကြီးကားမောင်းထွက်သွားသည်
မေသူ လူနည်းနည်းရှင်းတဲ့နေရာအရောက် ကားကိုရပ်လိုက်သည်

*ကိုကိုက ငါကို ဘာအချိုးချိုးတာလဲ သူ့အတွက် အရာအားလုံးလုပ်ပေးတဲ့ငါကိုကျမမြင်ဘူး ဟိုကောင်ပြောလိုက်တာလား ငါပြောထားတာတွေကို တောက်စ်  နင်ကြောင့်သာဆို နင်နောင်တရစေရမယ် ဇော်ရိူင်းထက်က အရင်ကရော အခုရော မေသူလင်းအပိုင်ဘဲ ကိုကို့ကို ဘယ်သူမှမပိုင်ရဘူး ကိုကိုက အမြဲငါ့အပိုင်ဘဲ *

________________________________
တိုသွားရင်တောင်းပန်ပါတယ် နောက်တစ်ပိုင်း ပိုရေးပေးပါမယ်

နှောင်ဖွဲ့သောချစ်ခြင်း(Completed)Where stories live. Discover now