Part 25

667 39 4
                                    

2ပတ်ခန့်ကြာတော့ ရိူင်းလည်းဆေးရုံက‌ဆင်းလာခဲ့သည်
နှင်းယုနဲ့ပြန်ရင်းနှီးလာပေမဲ့ ဗီတာနဲ့ သိပ်‌မခေါ်မပြောပေ
ဗီတာဘက်ကပြောမှ ပြန်ပြောတာပင်

"အယ် ရိူင်း ဘယ်လိုရောက်လာတာလဲ"

"ငါ ပြောစရာလေးရှိလို့ပါ"

"ပြောလေ ရိူင်းရဲ့ "

"ငါ ဆေးရုံကမဆင်းခင် ငါအိမ်မက်မက်တယ်သိလား
ဖေဖေယဉ်တိုက်မူဖြစ်တာကလေ မတော်တဆမဟုတ်ဘူး ဖေဖေလုပ်ကြံခံရတာ ဖေဖေက အမှန်တရားကိုဖော်ထုတ်ခိုင်းတယ် ဖေဖေသေဆုံးတဲ့အမူကို သိတဲ့သူတစ်ယောက်ရှိသေးတယ်တဲ့ အဲ့လူက အသက်ရှင်သေး‌တယ်"

"ဟင် နှစ်တွေကြာမှ ပြန်စုံစမ်းရမှာဆိုတော့ နည်းနည်းတော့ခက်မယ်ဟ အယ်နေအုန်း ကောင်းမြတ်ရှိတာဘဲ ကောင်းမြတ်က စုံစမ်းတဲ့နေရာမှာကျွမ်းတယ် "

"ကောင်းမြတ်က"

"ဗီတာရဲ့ညီလေးလေ သူက နင်နဲ့လည်းရင်းနှီးတယ်"

"အော် ဟုတ်လား ပီးကော အဲ့တာလေးစုံစမ်းပေးနော် "

"အေးပါ ဒါနဲ့နင်ကော နည်းနည်းပါးပါးပြန်မှတ်မိလာတာရှိလား"

"ရှိတော့ရှိတယ် ညတိုင်းအိမ်မက်မက်တယ် လူတစ်ယောက်
သူကလေ ငါကိုကြည့်ပီး ငိုနေတယ် "

"ဘာလို့ငိုတာလဲ"

"မသိဘူး သူကပြောတယ် မင်းကငါကိုမေ့သွားပီ မင်းငါကိုမချစ်ဘူးဆိုပီး ငါကအတင်းတောင်းပန်နေတာတဲ့"

"ဟယ် "

"အိမ်မက်ကနိူးတိုင်း ငါလည်းမျက်ရည်တွေနဲ့ သူ့မျက်နှာကိုမမြင်ရဘူးဟာ "

"အေးပါ ညကျရင် ဘုရားရှစ်ခိုးအိပ်ပေါ့ "

"အေးပါ"

"ဒါနဲ့ မေသူနဲ့အခြေနေ"

"မတွေ့ဖြစ်ဘူး ငါဆေးရုံတက်တုန်းက တစ်ချိန်ဘဲလာတွေ့တာ သူလည်းမအားလို့နေမှာပါ "

"နင်လည်း ဇွတ်ယုံမနေနဲ့ နည်းနည်းပါးပါးစုံစမ်းလေ့လာအုန်း
နင်ဟာမ ခြံခုန်သွားအုန်းမယ် "

"အဲ့လိုမပြောပါနဲ့ဟာ နင်ကလဲ မေသူတစ်ကယ်မအားလို့နေမှာပါ"

"တော်ပီဟာ ဆက်မပြောချင်တော့ဘူး ဗီတာနဲ့ရော စကားပြောဖြစ်လား"

နှောင်ဖွဲ့သောချစ်ခြင်း(Completed)Where stories live. Discover now