Part 6

682 38 0
                                    

"ရိူင်း "

" ဟင် ဗီတာ ဘယ်ကနေဘယ်လိုရောက်လာတာ"

" မင်းဆီလာတာ မေမေမြနဲ့ရန်ဖြစ်ထားတာဆို"

" ဟုတ်တယ် မေမေနဲ့ရန်ဖြစ်ထားတာ"

" ဘာဖြစ်ရတာလဲကွာ "

" ငါမေသူနဲ့မတွဲချင်တာကို ငါကိုအတင်းတွဲခိုင်းနေတာလေ"

" မင်းဘဲ အစကစမ်းတွဲမယ်ဆို"

" သူရဲ့ စိတ်ထားကို ငါမသဘောမကျဘူးဗီတာ"

"မေမေမြက မင်းကောင်းဖို့စီစဉ်တာနေမှာပါကွာ"

"ဗီတာ မင်းကမေမေဘက်ကလား မေမေဘက်ကဆို ပြန်လိုက်တော့"

"ရိူင်း မင်းငါကိုဂတိပေးထားတယ်နော် မေမေမြကိုစိတ်ချမ်းသာအောင်ထားပါမယ်ဆို"

" ဗီတာ မေမေစိတ်ချမ်းသာဖို့ ငါ့ဘဝတစ်ခုလုံးကို ကိုယ်မချစ်တဲ့သူဆီပေးရမှာလား ငါလည်း ငါချစ်တဲ့သူနဲ့ တူတူနေချင်တယ် "

" ရိူင်း "

" တော်တော့ ဗီတာ မင်းထွက်သွားတော့ "

" ရိူင်း မင်းငါကိုမချစ်ဘူးလား "

" ငါ......"

" ငါကိုချစ်တယ်ဆို မေမေမြပြောတာကိုလက်ခံလိုက်"

" ဗီတာ "

" ငါသွားပီ"

ဗီတာထွက်သွားတော့ ရိူင်း‌ဗီတာပြောတာကို စဉ်းစားနေသည်
သူဘာပြောချင်တာလဲ သူကိုချစ်ရင် မေမေပြောတာကိုလက်ခံခိုင်းတာလား သူကို ငါက သူငယ်ချင်းလိုချစ်တာလေ ဘာလဲဟ ဒီကောင် ရိူင်းစိတ်ရူပ်လာသည် ဗီတာပြောသလို မေမေစိတ်ချမ်းသာအောင်ထားရမှာလား ‌ဖေဖေမရှိတော့အချိန်ကစပီးမေမေက ငါကိုသူတစ်ယောက်အားနဲ့ ရှာကျွေးခဲ့ရတာ
စိတ်ရူပ်လိုက်တာ
_________________________________
နှင်းယုလည်း အန်တီမြနဲ့ရိူင်းရန်ဖြစ်တယ်ကြားတော့ ရိူင်းဆီလာမလို့ဘဲ ရိူင်းနဲ့ဗီတာပါရန်ဖြစ်တယ်ဆိုတော့ နှင်းယုမှာ ဗျာများသွားရသည်
*ငါအခုဘယ်သူဆီသွားရမှာလဲ ဘယ်သူကိုသွားဆူရမှာလား ဘယ်သူကိုအားပေးရမှာလဲ လမ်းပျောက်နေပီ*
နှင်းယုလည်း ဗီတာဆီအရင်သွားလိုက်သည် ပီးရင် ရိူင်းဆီသွားရမယ် ရှိတာမှသူငယ်ချင်း3ယောက်ကို 2ယောက်ကရန်ဖြစ် ငါက ဘယ်သူဆီသွားရမလဲတောင်မသိတော့ဘူး

နှောင်ဖွဲ့သောချစ်ခြင်း(Completed)Where stories live. Discover now