Part 29

776 39 2
                                    

"မေသူလင်း "

"အယ် အန်တီတို့ကဘယ်လိုရောက်လာတာလဲ "

"သားရော မင်းကရောဘယ်လိုရောက်နေတာလဲ"

"ကိုကိုလား ကိုကိုအိပ်နေတယ် အန်တီရဲ့ အဟင်းးပင်ပန်းထားတော့ အိပ်နေပီ"

"မင်း ဖယ်စမ်း "

ဗီတာမေသူအားဖယ်ကာ အထဲသို့အတင်းဝင်လာသည် ကုတင်ပေါ်မှာ ရိူင်းဟာ အကျီချွတ်ဖြင့် အိပ်နေသည် ဗီတာရိူင်းအားနိုးတော့ ထမလာပေ

"ရိူင်း ဟေ့ကောင် ရိူင်း "

"နင်ဘယ်လိုဖြစ်နေတာလဲ ကိုကိုအိပ်နေတယ်လို့ပြောတယ်မလား "

"အိပ်ရင် သူထရမှာပေါ့ ဒီလောက်နိူးနေတာကို ဘာလို့မထတာလဲ"

"ငါ ငါဘယ်သိမှာလဲ "

ဗီတာ ရိူင်းအား အကျီပြန်ဝတ်ပေးကာ ချီပီး ခေါ်လာခဲ့သည်နှင်းယုကတော့ ဗီတာနောက်ပြေးလိုက်သွားသည် မေသူအားမျက်စောင်းထိုးခဲ့ဖို့လည်းမမေ့ပါ အခန်းထဲမှာ ဒေါ်မြရီနဲ့ မေသူလင်းဘဲရှိတော့တယ်

"မင်းကို မိန်းမကောင်းလေးထင်ထားတာ အခုလိုဘာလို့လုပ်ရတာလဲ "

"ကျမကို မိန်းမကောင်းမပြောခင် အန်တီကရော အမေကောင်းပီသနေလို့လား "

"မင်းနဲ့ ငါသားရဲ့ လက်ထပ်ပွဲကို ငါကိုယ်တိုင်ဖြတ်သိမ်းတယ် မင်းလုပ်ချင်တာလုပ်လိုက် ငါသိက္ခာကျသွားလည်းဘာမှမဖြစ်ဘူး ငါ့သားကိုတော့ မင်းလိုမိန်းမလက်ထဲမထည့်ပေးနိုင်ဘူး "

"အခုမှ အရမ်းဖြစ်နေတယ်ပေါ့ ရတယ်လေ အန်တီသားနဲ့မပတ်သတ်စေချင်ရင် သိန်း 5ထောင် ကျမကိုပေး "

"မပေးနိုင်ဘူး "

"မပေးရင်တော့ မေသူလင်းတို့က မညှာဘူးနော်"

"မညှာနဲ့ရတယ် မင်းလုပ်ချင်တာလုပ် ငါ့သားကို သူချစ်တဲ့သူနဲ့ဘဲလက်ထပ်ခိုင်းမယ် မင်းလိုစာရိတ္တပျက်ပြားနေတဲ့သူမဟုတ်ရင်ပီးကော"

"ဒီမှာ ရတယ် စောင့်နေလိုက် ရှင်တို့တွေ အဖက်ဆယ်လို့မရတဲ့ထိ ကျမလုပ်ပြမယ်"

"မင်းသဘောဘဲ ငါသွားပီ"

ဒေါ်မြရီထွက်သွားတော့ မေသူလင်း ရှိသမျှပစ္စည်းတွေကို ပစ်ပေါက်ရိုက်ခွဲတော့တယ်

နှောင်ဖွဲ့သောချစ်ခြင်း(Completed)Where stories live. Discover now