Part 16

615 35 2
                                    

"ဗီတာရေ အော် ကောင်းမြတ် နင့်အကိုရှိလား"

"ရှိတယ် အခန်းထဲမှာ မနေ့ထဲက အခုထိအပြင်ထွက်မလာဘူး ဘာဖြစ်နေလဲမသိဘူး"

"အေးပါ ငါသွားလိုက်အုန်းမယ်"

နှင်းယု ဗီတာအရှေ့ဆီတက်လာသည် အခန်းရှေ့ရောက်တော့ အခန်းတံခါးအား ခေါက်လိုက်သည်

ဒေါက် ဒေါက်

"ကောင်းမြတ် ငါတစ်ယောက်တည်းနေချင်ပါတယ်ဆို တစ်ချိန်လုံးလာခေါ်မနေနဲ့"

"ကောင်းမြတ်မဟုတ်ဘူး ငါ နှင်းယု "

ကျွီ~~~

"နင်ကဘာလာလုပ်တာလဲ "

"ရိူင်းဆီသွားမယ် လာ စိတ်ဆိုးနေတာကို အခုလိုနေတော့ရော ဘာမှမဖြစ်မလာဘူး သွားချော့မယ်"

"ထားပါဟာ သူက ငါကိုတောင်မြင်ချင်တာမဟုတ်ဘူး"

"သူလည်း စိတ်ဆိုးလို့ပြောတာပါဟာ သွားမယ် ဆင်းလာခဲ့"

"အေးပါဟာ "

နှင်းယုကအရင်ဆင်းနှင့်ပီး ဗီတာကတော့ ရေမြန်မြန်ချိုးကာ အကျီအမြန်လဲပီးဆင်းလာသည် သူတို့ သွားမှာကို ကောင်းမြတ်မြင်တော့

"ဘယ်သွားမှာလဲ ကိုကိုတို့က"

"ရိူင်းဆီသွားမှာ မင်းအိမ်ကိုသေချာစောင့်ထားအုန်း"

"ဟာ ကျနော်လည်းလိုက်မယ် မထားခဲ့နဲ့"

"အရမ်းရူပ်တာဘဲ လာသွားမယ်"

"အကျီလဲအုန်းမယ်လေ "

"လဲမနေနဲ့ လဲလည်း မင်းရုပ်က ချောမလာဘူး "

"ပြောရက်လိုက်တာ အကိုရယ် "

ကားနဲ့ ရိူင်းဆီထွက်လာခဲ့ကြသည် ကားပေါ်မှာ သုံးယောက်သား တိုင်ပင်နေကြသည် ဘယ်လိုချော့ရမလဲဆိုတာကိုပေါ့
နောက်ဆုံးတော့ ရိူင်းအကြိုက် သီချင်းဆိုပြကြမယ်ဆိုတာပါဘဲ

"အန်တီမြရေ အန်တီမြ"

"ဟေ ‌သမီးတို့လာတာကို လာကြလေ"

"ဟုတ်တယ် အန်တီမြ ရိူင်းရှိလားဟင်"

"သား ရှိတယ် ခေါ်ပေးမယ်လေ မိအေးရေ"

"ရတယ် အန်တီမြ မခေါ်နဲ့တော့ သမီးတို့တက်သွားလိုက်မယ်"

"အော် အေးပါကွယ် ဗီတာရော နေကောင်းရဲ့လား ဟိုကလေးကဘယ်သူလေးတုန်းကွဲ့"

နှောင်ဖွဲ့သောချစ်ခြင်း(Completed)Where stories live. Discover now