Part 3

717 44 5
                                    

" သား ရိူင်းရေ ထတော့လေ ဒီနေ့ ဆိုင်ထိုင်ရအုန်းမှာနော် "

" ထပီ မေမေရေ လာပါပီဗျာ"

" အေးပါကွယ် စားစား အော် မေ့တော့မလို့ ဒီနေ့ဝယ်နေကြ ဖောက်သည်ကောင်မလေးလာမှာ သေချာရောင်းလိုက်နော် သား "

" ဟုတ် သိပါပီ မေမေရာ "

" အေးပါ သားပျင်းရင် သားဗီတာနဲ့ သမီးနှင်းယုလေးကို ဆိုင်မှာခေါ်ရင် ခေါ်ထားလေ "

" ရပါတယ် မေမေရဲ့ သူတို့လည်းအလုပ်ကိစ္စလေးရှိအုန်းမှာပေါ့ သားတစ်ယောက်တည်းလည်းဖြစ်ပါတယ် "

" အေးပါကွယ် သားသွားရင် ကားကို ဂရုစိုက်မောင်းအုန်းနော် အရမ်းမောင်းမနေနဲ့ "

" စိတ်ချပါဗျာ မေမေစိတ်ညစ်အောင် မလုပ်ပါဘူး "

" ဟုတ်ပါပီရှင် "

မနက်စာ စားပီးတော့ ရိူင်းလည်း ဆိုင်ကိုသွားတော့သည်

နေ့လယ် 2နာရီ

မေသူတစ်ယောက် မြရီရွှေဆိုင်ကို လာသည်
ဝန်ထမ်းကောင်မလေးကို တံခါးကိုဖွင့်ပေးကာ မဂ်လာပါလို့ ကြိုဆိုကြသည် မေသူလည်း ဆိုင်ထဲဝင်လာပီး မန်နေဂျာအား ခေါ်လိုက်သည်

" အမ အကိုဇော်ရိူင်းထက်ရှိလား "

" ကိုရိူင်းထက် ရှိပါတယ် ညမ အမသွားခေါ်ပေးပါမယ်"

" ဟုတ်ကဲ့ ကျေးဇူးနော် "

မန်နေဂျာလည်း ရိူင်းအားသွားခေါ်သည် ခနကြာ ရိူင်းထွက်လာသည်

" အော် ဘယ်သူများလဲလို့ ညမမေသူကိုးး "

" ဟုတ်တယ် အကို ဒီနေ့ အကိုဆိုင်ထိုင်မယ်ဆိုတာသိလို့ လာတာ ပီးတော့ မေမေမှာထားတဲ့ရွှေဆွဲကြိုးလေးလည်း လာယူတာ "

" ဟင် မေသူအမေလား နာမည်ကြည့်ပီး ရှာပေးမယ် "

" ဒေါ်မေခိုင်လင်း "

" ဟင် အန်တီလင်းက မေသူရဲ့ မေမေပေါ့ "

" ဟုတ်တယ်လေ အကိုရဲ့ ‌"

" ဟုတ်ပါပီ ခနနော် ပစ္စည်းကိုယူခိုင်းလိုက်မယ် အမရေ ကျွန်တော်ကို အန်တီလင်းမှာထားတဲ့ ဆွဲကြိုးလေးယူလာပေးပါအုန်း "

နှောင်ဖွဲ့သောချစ်ခြင်း(Completed)Where stories live. Discover now