"ဗီတာမင်ရှိလား"
"ရှိပါတယ်ဗျ"
"သူကိုခေါ်ပေးပါ မေသူလင်းလာတယ်လို့ပြောလိုက်"
"ဟုတ်ကဲ့ပါဗျာ "
ဝန်ထမ်းကောင်လေးက ဗီတာမင်ကို သွားခေါ်လာသည် ဗီတာမင်လည်း နောက်ကနေထွက်လာခဲ့သည်
"ဘာကိစ္စရှိလို့ တွေ့ချင်ရတာလဲ"
"နင် ငါပြောထားတာကို မေ့နေတာများလားလို့"
"မင်းပြောထားတာကို ငါမမေ့ပါဘူး မင်းကသာ ငါပြောထားတာကိုမေ့နေတာ"
"ငါက ဘာမေ့နေလို့လဲ "
"ရိူင်းကို ပျော်အောင်ထားမယ်လို့ မင်းကတိပေးထားတယ်နော် ရိူင်းကအခုမပျော်ဘူးလေ ရိူင်းမပျော်ရင် မင်းဆီကပြန်လုဖို့လည်း ဝန်မလေးဘူး"
"တောက်စ် နင်ကများ"
"ငါတစ်ကယ်ပြောနေတာ မင်းသိထားလား ရိူင်းကလည်း ငါကိုချစ်နေတာတဲ့ ငါသာရိူင်းကိုဖွင့်ပြောလိုက်ရင် မင်းနေရာပျောက်သွားပီ"
"လာခြိမ်းခြောက်မနေနဲ့ ကြောက်တတ်ရင် ကိုကို့ကို အပိုင်မယူထားဘူး နင်ရှေ့ဆက်တိုးရဲတိုးကြည့်လိုက်လေ ဘာဖြစ်သွားမလဲဆိုတာမပြောနိုင်ဘူး မေသူလင်းဆိုတဲ့ငါကလည်း ဘာမဆိုလုပ်ရဲတယ်"
"ရိူင်းထိခိုက်တာမျိုး တစ်ခုခုဖြစ်ရင် မင်းအသေဘဲ မေသူလင်း"
"နင်သာ ကိုကို့နားမကပ်နဲ့ ကိုကိုက ငါ့အပိုင် မကြာခင်ငါတို့ကစေ့စပ်တော့မှာ"
"ဘာ..."
မေသူ မဲ့ပြုံးပြုံးကာ ဗီတာမင်နားကပ်ကာ
"နင်ကအရူံးသမားဘဲ ကိုယ်ချစ်တဲ့သူ တစ်ခြားတစ်ယောက်နဲ့ စေ့စပ်တာကို ထိုင်ကြည့်နေလိုက် အဲ့လိုဖြစ်အောင် ငါလုပ်မှာ"
"တောက်စ် မေသူလင်း"
"ဟားးဟားးး bye bye "
မေသူလင်းထွက်သွားတဲ့ထိ ဗီတာမင် ဒေါသဖြစ်ကာ ဆိုဖာတွင်ထိုင်နေသည် ငါအလျော့ပေးတိုင်း မင်းတို့က ရောင့်တက်နေကြတာကိုးးး ဒီပွဲကို စိန်ခေါ်တာ မင်းဘဲ မေသူလင်း
_______________________________________
ဒေါ်မြရီဧည့်ခန်းထဲမှာ သတင်းစာဖတ်နေတုန်း ဖုန်းမြည်လာသည်