ကားဂိတ် တစ်ခုတွင်
"နှင်းယု သူတို့က မလာသေးဘူးလား ဒီအချိန်ရောဟုတ်ရဲ့လား နေကလည်းပူလိုက်တာ "
"ဟုတ်ပါတယ်ဟ ဗီတာပြောတာဒီနေရာ ဒီအချိန်ဘဲ ဟိုမှာ လာနေပီသွားမယ် "
ဗီတာရှိရာဆီ ပြေးသွားလိုက်တယ် ဗီတာနောက်တွင် ကောင်လေးတစ်ယောက် ရပ်နေတာ ရိူင်းမြင်လိုက်တယ် ကြည့်ရတာသူ့ညီဝမ်းကွဲထင်တယ်
"ဗီတာမင်ရယ် စောင့်လိုက်ရတာ "
"ကားက နည်းနည်းနောက်ကျသွားတာ ရိူင်းလည်း ပါလာတာလား "
"ငါကို ပတ်ပြေးနေတဲ့သူကို မိအောင် ဖမ်းရတာပေါ့"
" ငါမပြေးပါဘူး ငါက "
" ကိုကို ရန်ကုန်ကလဲ ပူလိုက်တာဗျာ ဟိုမှာပူတာလိုသက်သာမလားမှတ်တယ် ဒီမှာလည်း ပူနေတာဘဲ"
"ကောင်းမြတ် မင်းအရမ်းနားညီးတာဘဲ တစ်လမ်းလုံးလည်း စကားများလာတာ မမောဘူးလားဟမ်"
"မမောဘူးလေ ဒါနဲ့ ဟိုက အကိုချောချောလေးက ဘယ်သူ"
" ငါ့သူငယ်ချင်း ဇော်ရိူင်းထက်"
"ချောလိုက်တာ ကွေးနေတာတောင် ထပ်ကွေးသွားချင်သလိုဘဲ"
"သူမှာရည်းစားရှိတယ် မျှော်လင့်မနေနဲ့"
"သူမှာ ရည်းစားရှိတာကို ကိုကိုက ဘာလို့ကြိုက်တာလဲ"
ရိူင်းနဲ့ နှင်းယု သူတို့ရှေ့မှာ စကားပြောနေတာမပီးနိုင်တဲ့နှစ်ယောက်အား ကြည့်နေလိုက်တယ် ရိူင်းက မျက်စပြစ်လိုက်တာနဲ့ နှင်းယုက နားလည်ကာ ဗီတာအား ဖြတ်ရိုက်လိုက်တယ်
ဖြန်းးး
"အမယ်လေး အားး သေပါပီဟာ "
"နင်တို့ ပြောနေတာ ဒီတစ်သက်ပီးအုန်းမှာလားဟမ် ငါတို့မှာ အကြာကြီးလည်းစောင့်ရသေးတယ် အိမ်ရောက်မှဆက်ပြောကြ ဒီမှာဆက်နေရင် ကြော်ပီးသားဖြစ်တော့မယ် သွားမယ် လာရိူင်း "
နှင်းယု ရိူင်းလက်ကို ဆွဲကာ ထွက်သွားတော့ ဗီတာနဲ့ကောင်းမြတ်လည်း သူတို့အထုတ်တွေဆွဲကာ နောက်ကနေ ပြေးလိုက်ရတော့တယ် ဗီတာအိမ်ရောက်တော့