Part 24

633 37 6
                                    

"ဘယ်လို "

"ဟုတ်တယ်လေ ငါတို့မေသူအနားလွှတ်ထားဆိုလို့ တေဇလင်းဘဲရှိတယ် ပီးတော့ သတင်းရထားတယ် တေဇလင်းကမေသူလင်းရဲ့ ကားမောင်းတဲ့ "

"တောက်စ် တေဇလင်း တေဇလင်း သတိပေးထားခဲ့တာတောင် ငါ့လူကိုထိရဲတယ် သူကိုချိန်းလိုက် "

နှင်းယု ဖုန်းခေါ်တော့ ဖုန်း‌မကိုင်ပေ ထက်ခေါ်တော့ ဖုန်းစက်ပိတ်သွားသည်

"ဖုန်းစက်ပိတ်သွားပီ"

"ကောင်းမြတ်ကိုဖုန်းခေါ်လိုက်"

နှင်းယုကောင်းမြတ်ကိုဖုန်းခေါ်ကာ ခေါ်တော့ ကောင်းမြတ်ကလာမယ်ဆိုတာကြောင့် ဆိုင်မှာထိုင်စောင့်နေသည်

"လာပီ ဘာပြောမှာလဲ ကျနော်ကို"

"မေသူလင်းဆီက ဘာသတင်းရလဲ မင်းကိုလွှတ်ထားတာ"

"ရထားတာမှ အကြီးကြီးဘဲ သူ့အမေဆီကနေပါရထားတာ"

"ဘာတွေမို့လဲ"

"ဟောမှာ ကြည့်လိုက် "

ကောင်းမြတ် ပြတဲ့ဓာတ်ပုံတွေကြည့်တော့ မေသူလင်းနဲ့တေဇလင်းရဲ့ ဖက်နေတဲ့ပုံတွေ နမ်းနေတဲ့ပုံတွေရော

"အော် မသာက သာယာနေပီမို့ ဒီဘက်ကိုသစ္စာဖောက်သွားတာဘဲ "

"ဒါတွေသေချာသိမ်းထား တစ်ချိန်လိုအပ်လာမှာ"

"ဓာတ်ပုံသိမ်းရင် လူသိမယ် ရော့ မန်မိုရီစတစ်နဲ့သိမ်းထား "

"ကျေးဇူးဘဲ ဒါနဲ့ သူ့အမေဟာကဘာလဲ"

"ဒီမှာ သတင်းရထားသလောက် ကိုရိူင်းအမေကိုသူတို့ကပ်နေတာ တစ်ခြားတော့မဟုတ်ဘူး အမွေကြောင့်တဲ့ သူ့သမီးက ကိုရိူင်းကိုရရင် ‌အန်တီမြရီက ကိုရိူင်းကိုအမွေတွေပေးခဲ့မှာလေ ပေးခဲ့ပီးရင် သူတို့က လက်ဝါးကြီးအုပ်ချင်နေတာ ကိုရိူင်းက သူ့အမေမသိအောင် နောက်မှာ လုပ်ငန်းတစ်ခုထောင်ထားတယ် အဲ့မှာက ဝင်ငွေများများဝင်တယ် တရားမဝင်လုပ်ငန်းတော့မဟုတ်ဘူး Brand တွေရောင်းတဲ့ဆိုင်အဲ့တာကို မေသူလင်းက သိထားတယ် အဲ့တာကြောင့် ကိုရိူင်းကိုကပ်နေတာ"

"အကြံများတဲ့သားအမိတွေဘဲ"

"မမေသူလင်းအမေဆီကို ရှေ့ရက်က လူတစ်ယောက်လာသွားတယ် အဲ့လူပြန်သွားတော့ မမေသူလင်းအမေဆေးရုံတင်လိုက်ရတယ် သတိ‌လစ်သွားတာလို့သိရတယ် အဲ့လူနာမည်က ဦးထွန်းအောင် အဲ့လူကြီးက ကိုရိူင်းအဖေနဲ့လည်းခင်ကြတယ်ကိုရိူင်းအဖေကားတိုက်မူဖြစ်ပီးထဲက သူပျောက်နေတာ
ဟိုတစ်လောမှပြန်ပေါ်လာတာဆိုတော့ အကြောင်းတစ်ခုခုရှိရမယ် "

နှောင်ဖွဲ့သောချစ်ခြင်း(Completed)Where stories live. Discover now