Part 2

842 46 1
                                    

" ရိူင်း "

"ဟင် ဗီ ဘာလာလုပ်တာလဲ "

" ဘာလဲ ငါကမလာရဘူးလား "

"မဟုတ်ရပါဘူး ရပါတယ်ဟ"

" ငါ နှင်းယုဆီသွားမှာ မင်းကို လာခေါ်တာ"

" ဟင် ခနလေးနော် မိအေးရေ ငါအပြင်ခနသွားမို့ အမေကိုပြောလိုက်အုန်းနော် "

" ဟုတ် အကိုလေး မိအေးပြောထားလိုက်မယ် "

ရိူင်းထက်နဲ့ ဗီတာတို့ ထွက်လာခဲ့သည်
ဗီတာမင်က ရှေ့ကနေ မောင်းပီး ရိူင်းထက်က အနောက်ကနေ ခါးဖက်ကာ လိုက်သွားသည် မြတ်မင်းအတွက် ဒိအမှတ်တရဟာ အမြဲသိမ်းထားခဲ့သော အမှတ်တရတစ်ခု

တီ တီ တီ

" ‌နှင်းယု ရေ နှင်းယု "

" ဟယ် ဗီတာမင် နင်ပြန်ရောက်နေပီလား ရိူင်းလည်း ပါလာတာကို "

"အေး ဟုတ်တယ်ဟ ငါမနေ့ကမှ ပြန်ရောက်တာ နင်အတွကိ လက်ဆောင်တွေလာပေးတာ "

" ဟယ် ကျေးဇူးပါဟာ အဲ့တာကြောင့် ငါသူငယ်ချင်းလေးကချောနေတာ"

" ကျေးဇူးတင်တာ ပီးရင်လည်း အိမ်ထဲခေါ်အုန်းလေ အိမ်ဝမှာဘဲ ရပ်ခိုင်းမှာလား နှင်းယု"

" ‌အော် ဟုတ်သား ဟီးဟီး မေ့သွားတာ လာလာ အိမ်ထဲကို "

အိမ်ထဲသို့ဝင်တော့ ဧည့်ခန်းတွင်မိန်းကလေးတစ်ဦးထိုင်နေသည် သူမသည် မေသူပါ

" ထိုင်ကြအုန်း ဗီတာမင်နဲ့ ရိူင်းထက် အော် ဒါနဲ့ မိတ်ဆက်ပေးရအုန်းမယ် ‌ဒါက ငါ့သူငယ်ချင်း မေသူလင်းလေ မေသူ သူတို့က ငယ်ငယ်ထဲကပေါင်းလာကြတာ သူကဗီတာမင် သူက ဇော်ရိူင်းထက်တဲ့ "

" ဟုတ်တွေ့ရတာ‌ဝမ်းသာပါတယ်ရှင့် "

"ကျနော်တို့လည်း တွေ့ရတာဝမ်းသာပါတယ် "

" အကိုရိူင်းထက်က အသက်ဘယ်လောက် "

" ဗျာ ကျနော် 24ပါ "

"အော် မေသူထက် ကြီးတာပေါ့ မေသူက အခုမှ 21ဘဲရှိသေးတာ "

" အော် ဟုတ် ညမမေသူ "

" ညမမေသူက နည်းနည်းစိမ်းနေသလိုဘဲ မေ လို့ဘဲခေါ်ရင် ခေါ်လေ မဟုတ်ရင် သဲ လို့ခေါ်ရင်ခေါ်ပေါ့ "

"ဗျာ "

" အဟင်းး မေသူက စတာပါ "

ဗီတာမင် သဘောမကျပါ အစထဲက ရိပ်မိပါတယ် ရိူင်းဝင်လာထဲက ရိူင်းကိုသာ ကြည့်နေတာကို အခုလည်း ရိူင်းကို ရေလာမြောင်းပေး လုပ်နေတာကို ရိူင်းကရောသဘောကျသွားရင်ရော ဟင့်အင်း မဖြစ်နိုင်လောက်ပါဘူး

"မေသူ နင်ပြန်တော့မှာမလား ခုနက ပြန်တော့မှာဆို "

" မပြန်သေးးဘူး ခနနေအုန်းမယ် "

" အော် အင်းပါ ဗီတာမင် နင်ငါနဲ့ခနလိုက်ခဲ့ပါလား ငါ့ရေချိုးခန်းက ရေပိုက်က ဘာဖြစ်မှန်းမသိတော့လို့ "

"ဟမ် အေးပါ "

ဗီတာမင်နဲ့ နှင်းယုထွက်သွားတော့ မေသူက ချက်ချင်းပင် ရိူင်းထက် ဘေးနားမှာထိုင်ပီး

" အကို ကဘယ်မှာနေတာလဲ "

" ဟိုဘက် 3လမ်းကျော်မှာ "

" အော် ဟုတ် အကိုမှာ ရည်းစားရှိလားဟင် "

" မရှိပါဘူး "

" အကိုက ဘာလုပ်ငန်းလုပ်တာလဲ "

" အကိုက မေမေလုပ်ငန်းကို ဝိုင်းလုပ်ပေးနေတာ မေမေက မြရီ ရွှေဆိုင်လေးဖွင့်ထားတယ်လေ အဲ့မှာ တစ်ခါလေ ဝိုင်းလုပ်ပေးတာ "

" ဟုတ်လား မေသူက အဲ့ဆိုင်မှာ အမြဲဝယ်နေကြ အကို့ကိုတစ်ခါမှမတွေ့မိဘူးရယ် "

"Monday & Friday လာလေ အကိုရှိတယ် "

" ဟုတ်အကို လာခဲ့မယ်နော် "

ဒီလိုနဲ့ မေသူနဲ့ ရိူင်းဟာ ရင်းနှီးခဲ့ကြသည်

နှောင်ဖွဲ့သောချစ်ခြင်း(Completed)Where stories live. Discover now