Part 28

709 37 3
                                    

"‌မမ ဘာဖြစ်နေတာလဲ ဟိုအိမ်ကပြန်လာပီးထဲက "

"မင်းနေစမ်းပါ မင်းမသိဘူး "

*တောက်စ် ဇော်ရိူင်းထက် ဇော်ရိူင်းထက် ငါကိုစိန်ခေါ်နေတာဘဲ မေသူလင်းတို့ကလည်း ဘယ်တော့မှနောက်မဆုတ်တတ်ဘူး *

"မမ မမလို့ "

"မင်းကို အေးဆေးနေလို့ပြောနေတယ်လေ ငါစိတ်တိုနေတယ် ရှင်းလား"

"မမစိတ်ကျေနပ်အောင် ဘာလုပ်ပေးရမလဲ"

"တစ်ကယ်လုပ်ပေးမှာလား"

"ဒါပေါ့ မမရဲ့ မမအတွက် ဘာမဆိုလုပ်ရဲတယ် "

"ဟုတ်ပါပီ အခုတော့မဟုတ်သေးဘူး နောက်ကျရင်ပေါ့"

"မမသဘောပါဗျာ "

တေဇ မေသူအားဖက်ထားသည် မေသူကတော့ သူ့အကြံနဲ့သူပင်
_________________________________1ပတ်ခန့်ကြာသောအခါ

မေသူလင်းလည်း ရိူင်းတို့ဆီအဆက်သွယ်မလုပ်ပေ အရာရာအေးချမ်းပီးထင်ထားပေမဲ့ မဖြစ်လာပေ

မေသူ မနက်ထဲက မူးနောက်နောက်ဖြစ်နေတာ အခုထိ ဘာစားစားအန်ချင်နေတာပင် သူမထင်သလို ကိုယ်ဝန်များလားမေသူ သန့်စင်ခန်းထဲဝင်ကာ စစ်ကြည့်တော့ တစ်ကယ်ပင် မျဉ်းနီနှစ်ကြောင်းပေါ်နေတယ် သူမဘာဆက်လုပ်ရမှာလဲ တေဇလင်းလို ဘာမှမရှိတဲ့အကောင်ကိုယူလိုက်ရင် သူမနဲ့က‌‌ေလးပြည့်စုံအောင်နေရမှာမဟုတ်ဘူး ကိုကို ဟုတ်တယ် ကိုကိုရှိတာဘဲကို မေသူချက်ချင်း တေဇလင်းအားဖုန်းခေါ်ကာရိူင်းကို ‌သူမဆီခေါ်လာခိုင်းလိုက်သည်

ရိူင်းမှာ အပြင်သွားရင်း ကားရှေ့ ကားတစ်စီးဝင်လာတော့ ချက်ချင်းဘရိတ်ကို ဆောင့်အုပ်လိုက်သည် ကားပေါ်ကဆင်းကာ ရှေ့ကကားကို ရန်သွားလုပ်ဖို့ဆင်းတော့ တေဇကလည်း ဆင်းလာသည်

"မင်း ကားကိုဘယ်လိုမောင်းနေတာလဲဟမ် မမောင်းတတ်ရင်မမောင်းနဲ့ရှင်းလား"

"‌အမမေသူခေါ်ခိုင်းလို့ပါ"

"ခေါ်ရင် လူလို ဖုန်းဆက်လေ ကားရှေ့လာရပ်တော့ တိုက်မိရင် အမူပတ်မယ် နားလည်လား "

"နောက်မှဆက်ပြောဗျာ အခုလိုက်ခဲ့"

"မလိုက်နိုင်ဘူး သူနဲ့က ရှေ့တစ်ပတ်မှာတင် ဇာတ်လမ်းပီးသွားပီ"

နှောင်ဖွဲ့သောချစ်ခြင်း(Completed)Where stories live. Discover now