Part 23

587 37 4
                                    

နှင်းယုနဲ့ဗီတာအခန်းထဲဝင်လာတော့ ရိူင်းကမသိချင်ယောင်ဆောင်နေသည် နှင်းယုကတော့ ဗီတာကိုကြည့်ကာ ခေါင်းခါပြသည် နှင်းယုလည်း ရိူင်းနားထိုင်ကာ

"ရိူင်း ငါတို့ကိုမမှတ်မိဘူးလားဟင်"

"မသိ‌ဘူးလို့ပြောပီးပီလေ "

"ရိူင်း နင်ငါကို အဲ့လိုမအော်ပါနဲ့ အရင်တုန်းကဆို နင်ငါကိုတစ်ခါမှမအော်ဖူးဘူး"

"နင့်နာမည်ကဘာလဲ စွာစိလန်လား"

"နှင်းယုမော်ဟဲ့ ငယ်နာမည်ကြီးမခေါ်နဲ့ "

"ငါသိတာခေါ်တာဘဲကို "

"သူငယ်နာမည်ရော သိလား "

"ဖင်ကောက်လား "

"မှတ်မိတာဘဲ နေပါအုန်း ငယ်နာမည်ဘဲသိပီး အခုနာမည်တွေမသိတော့တာလား"

"ဟုတ်မှာပေါ့ မသိဘူး ပြန်စဉ်းစားချင်ပေမဲ့ စဉ်းစားတိုင်း ခေါင်းကကိုက်တယ်"

"မစဉ်းစားနဲ့ ရတယ် အခုပြန်မိတ်ဆက်ပေးမယ် ငါနာမည်က နှင်းယုမော် သူကဗီတာမင် ငါတို့ကငယ်သူငယ်ချင်းတွေ အရမ်းချစ်ကြတာ"

"ငယ်သူငယ်ချင်းတွေ ဖင်ကောက်က ဘာလို့ ငါကိုမုန်းနေတာလဲ"

"ဖင်ကောက်လို့မခေါ်ပါနဲ့ ဗီတာဆိုရပါတယ် နာမည်ပြန်ကြားရတာ ရှက်တယ်ဟ"

"ဟားးဟားး အခုထိလည်းကောက်နေတာကို ရှက်မနေနဲ့"

"ဒီကောင်မလေးကတော့ ထုလိုက်အုန်းမယ် "

ရိူင်း သူ့ရှေ့မှာ ရန်ဖြစ်နေကြတဲ့နှစ်ယောက်ကိုကြည့်ပီးပြုံးနေသည် သူတို့သူငယ်ချင်းတွေပျော်စရာကောင်းတာကို ဘာလို့မုန်းတယ်လို့ပြောရတာလဲ

"ဗီတာက နင်ကိုမမုန်းပါဘူးဟာ သူကချစ်တာ"

"ဟဲ့ "

"ဟင် "

"သူငယ်ချင်းလို ချစ်တာကိုပြောတာ "

"အော် အင်းပါ "

"ရိူင်း အခုရော သက်သာရဲ့လား"

"သက်သာပါတယ်"

"အင်းပါ တစ်ခုခုလိုရင် ငါကိုပြောနော် ငါရှိတယ်"

"ဟင် "

; ရိူင်းဘာဖြစ်တာလဲဟင် မငိုနဲ့နော် တစ်ခုခုဖြစ်ရင် ငါကိုပြောနော် ငါရှ်ိတယ်

နှောင်ဖွဲ့သောချစ်ခြင်း(Completed)Where stories live. Discover now