Part 20

599 35 3
                                    

"ကိုကို ခနနေပါအုန်း မေသူကိုစောင့်ပါအုန်း"

"ပြော ဘာပြောမလို့လဲ မိန်းကလေးဖြစ်ပီး လမ်းမမှာရန်ဖြစ်နေတာမရှက်ဘူးလားမေသူ"

"အဲ့‌ကောင်မ အရင်စတာလေ ကိုကိုမမြင်ဘူးလား ဘာလဲ ကိုကို့သူငယ်ချင်းမို့ ကာပေးနေတာလားဟမ်"

"ဘယ်သူ့ဘက်ကမှ ကာပေးနေတာမဟုတ်ဘူး မိန်းကလေးဖြစ်ပီး လမ်းမမှာရန်ဖြစ်နေလို့ပြောတာ ‌မင်းမရှက်ပေမဲ့ ငါရှက်တယ် "

"ရန်ဖြစ်တဲ့မေသူတောင်မရှက်တာ ကိုကိုက ဘာတွေဖြစ်နေတာလဲ ကိုကို တစ်ခါထဲသတိပေးလိုက်မယ် သူတို့နဲ့ဝေးဝေးနေ မေသူပတ်သတ်တာမကြိုက်ဘူး "

"သူတို့က ငါ့သူငယ်ချင်းလေ ငါဘာသာဘယ်သူနဲ့ပတ်သတ်ပေါ့ မင်းနဲ့ဆိုင်လား"

"ဆိုင်တယ် မေသူက ကိုကို့ရဲ့ အိမ်ထောင်ဖက်ဖြစ်လာမဲ့သူမေသူစကားဘဲကိုကိုနားထောင်ရမယ် "

"တောက်စ် မင်းနေခဲ့လိုက်တော့ မင်းမျက်နှာကိုမမြင်ချင်ဘူး"

ရိူင်း ကားပေါ်တက်ကာ အရှိန်ဖြင့်မောင်းထွက်သွားသည်မေသူကတော့ ရိူင်းကိုယ်နဲ့တိုက်မိတာကြောင့် ခြေထောက်ခေါက်က လဲကျသွားသည်

"အာ့ ကိုကို တောက်စ် လုပ်ထားကြအုန်းပေါ့ "

"ဘာဖြစ်တာလဲဗျ ရရဲ့လား"

"ရပါတယ် "

"ခြေထောက်နာသွားတာနဲ့တူတယ် ရလား ကျွန်တော်ကိုကိုင်ထား ကျွန်တော်တွဲပီး ကားငှားပေးလိုက်မယ် မနက်ဖြန်ကျမှ ကားကိုပြန်လာယူလိုက်လေ"

"ရပါတယ် ဒါမှမဟုတ် မင်းမောင်းတတ်လား "

"ကျွန်တော်ကားမောင်းတတ်ပါတယ် ဘာဖြစ်လို့လဲ"

"မင်းကိုယ်တိုင်မောင်းပီးလိုက်ပို့ပေး"

"ဗျာ ‌ဟုတ်"

‌မေသူအား တွဲကူကာ ‌ကားပေါ်တင်လိုက်ပီး သူကမောင်းသူနေရာထိုင်ကာ ဆိုင်မှထွက်လာခဲ့သည်

"မင်းနာမည်ဘယ်လိုခေါ်လဲ"

"တေဇလင်းပါ "

"တို့ နာမည်က မေသူလင်း အဟင်းး နောက်ဆုံးနာမည်တူသားဘဲ"

နှောင်ဖွဲ့သောချစ်ခြင်း(Completed)Where stories live. Discover now