Part 14

706 43 5
                                    

"လာကြပီလား ဒီကိုလာ "

"ဟင် မမခေါ်ထားတာသူတို့လား"

"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"

"ဒီဘက်က မိန်းကလေးကတော့ ဟုတ်ပါပီ ဒီဘက်ကယောက်ျားလေးကြီး"

"ယောက်ျားကို ဗီတာအနားလွှတ်လိုက်မယ် မိန်းကလေးက ရိူင်းနားကပ်ရမှာ"

"ကိုကို့နားကျ ဘာလို့ယောက်ျားလေးလွှတ်တာလဲ"

"အဲ့တာမှ ရိူင်းကသဝန်တိုမှာပေါ့ နင်မသိပါဘူး"

"ဟုတ်ပီဗျာ မမသဘောဗျာ လုပ်"

"$&$-##-#&$+##+$-#++$-#"

သူတို့အစီစဉ်ကို သေချာရှင်းပြပီး လုပ်ငန်းစတော့ပီ
"ဗီတာ မတွေ့တာကြာပီနော်"

"အော် မင်းခန့် ဘယ်လိုရောက်လာတာလဲ"

"လမ်းကြုံလို့လေ ငါလည်း မင်းနဲ့မတွေ့တာကြာပီဆိုတော့ လွမ်းလို့"

မင်းခန့်ရဲ့ ‌စကားကြောင့် ရိူင်းက မင်းငြိမ်းအားစိုက်ကြည့်နေသည် နှင်းယုတို့ကတော့ ပွဲကြည့်ပရိတ်သတ်ပေါ့

"ရိူင်းး "

"အော် ဇင်မြတ် မတွေ့တာကြာပီနော်"

"ဟုတ်တယ်နော် မတွေ့တာကြာပီ ငါကိုရော လွမ်းရဲ့လား"

"ဟင် အော်အင်း လွမ်းပါတယ်"

"ရိူင်းက ဒီမှာဘာလာလုပ်နေတာလဲ "

"သူငယ်ချင်းတွေနဲ့ လာတာ "

"ဒီကိုလာမှတော့ ဘာလာလုပ်တယ်ဆိုတာပြောရအုန်းမှာလားချိန်းတွေ့ဖို့လာကြတာလေ "

"ဗီတာ ဘာတွေလျှောက်ပြောနေတာလဲ"

"သူမေးတာကိုလည်းကြည့်အုန်းလေ အပျော်လာပါတာကို ဘာလာလုပ်နေတာလဲဆိုတော့ တရားထိုင်ဖို့ ရှင်းပီးလား"

"ဗီတာကလည်း အားနာစရာကြီးကို"

"ရပါတယ် ရိူင်းရယ် ထားလိုက်ပါ မြတ် နားလည်ပါတယ်"

ဗိတာကတော့ စိတ်ဆိုးစွာ ရိူင်းအနားကနေထွက်သွားသည် နှင်းယုတို့ကလည်း သူတို့ထင်သလိုဖြစ်လာလို့ပျော်နေကြတယ် မင်းခန့်ကဗီတာနောက်ပြေးလိုက်သည်

"ဗီတာ ဘာလို့စိတ်ဆိုးတာလဲ ခန့်ကိုပြောပြလေ"

"ဒီတိုင်းပါဘဲ"

"ဗီတာကလည်း သူစိမ်းဆန်လိုက်တာကွာ"

"မဟုတ်ပါဘူး မင်းခန့်ရာ"

"မသိဘူး သွား စိတ်ဆိုးတယ် အာ့"

"ဟင် ရရဲ့လား မင်းခန့် "

"အာ့ နာလိုက်တာ ခြေထောက်ခေါက်သွားတာထင်တယ်"

"ဖြစ်ရမယ် မင်းခန့်ရယ် ဘယ်လိုလျှောက်တာတုန်း"

"ဗီတာကို စိတ်ဆိုးတာလေ ဆူမယ်ဆိုတာကြီးဘဲ"
"မဆူရသေးပါဘူး "

"ဟဲ့ ဘာဖြစ်တာလဲ"

"‌ခြေထောက်ခေါက်သွားတာပါ နှင်းယုရာ"

"အဲ့တာဆို ထူလိုက်အုန်းလေ ဒီတိုင်း သူကိုထိုင်ခိုင်းနေမှာလား"

"အော် အေး လာလာ ထ "

"အာ့ နာလိုက်တာ"

ဆိုပီး ဗီတာရင်ခွင်ထဲဝင်သွားသည် ရိူင်းကတော့ မျက်စောင်းထိုးကာ ‌ထွက်သွားသည် ဗီတာကလည်း ရိူင်းစိတ်ဆိုးကာထွက်သွားတော့ မင်းခန့်အား နှင်းယုလက်ထဲ ထည့်ကာ ရိူင်းနောက်ပြေးလိုက်သွားသည်

"ဟဲ့ ငါကို ဝိုင်းတွဲအုန်းလေ ငါမနိုင်ဘူးလို့ ဗီတာမင်ရေအော် ဒါတောင်ရည်းစားမဖြစ်သေးဘူး ချက်ချင်းသွားချော့တာ သူငယ်ချင်းကို ဒီတိုင်းထားခဲ့တယ် သူ့ရှေ့ ရေနစ်နေရင်တောင် သူလင်စိတ်ဆိုး‌သွားလို့ ရေ‌နစ်တာကိုမကယ်ဘဲ ချက်ချင်းလိုက်ခေ‌ျာ့မဲ့ကောင်"

ဗီတာကတော့ စိတ်ဆိုးသွားတဲ့ရိူင်းနောက် ကောက်ကောက်ပါအောင် လိုက်သွားတော့သည်
_________________________________
မနက်ဖြန်ကစပီး အတာသင်္ကြန် Up မှာမို့

နှောင်ဖွဲ့သောချစ်ခြင်းကို 17-4-2024 မှ ပြန်တင်ပါမယ်နော်

HE Is Mine က မတင်ဖြစ်သေးဘူးနော်

နှောင်ဖွဲ့သောချစ်ခြင်း(Completed)Where stories live. Discover now