Part 15

682 42 8
                                    

"ရိူင်း ခနနေပါအုန်းကွာ"

"ကျစ် ဘာလိုက်လုပ်တာလဲ"

"မင်းစိတ်ဆိုးသွားလို့လေ"

"ငါဘာမှစိတ်မဆိုးဘူး ဟုတ်ပီလား"

"စိတ်မဆိုးဘူးလည်းပြောတယ် နူတ်ခမ်းက စူပီး မျက်စောင်းကလဲထိုးသေးတယ် "

"အဲ့တာငါ့ကိစ္စလေ"

"ရိူင်းကလဲကွာ မျက်စောင်းကြီးမထိုးပါနဲ့"

"အခုကမျက်စောင်းဘဲထိုးတာ ထပ်‌ေပြာရင်နောက်ဆို လက်သီးနဲ့ထိုးတော့မှာ"

"လက်သီးနဲ့မထိုးနဲ့ နူတ်ခမ်းနဲ့ထိုးလေ ငြိမ်ခံပေးမယ်"

"ဗီတာ မင်းး "

"ဟားးဟားး"

ရိူင်းကို စနောက်ကာ ဗီတာမင်ပြေးတော့သည် ထပ်နေရင် တစ်ကယ်လက်သီးရောက်လာတော့မှာပင်
"ဒီကောင်ကတော့ "

*သူပြောသွားတာကို ငါက ဘာလို့ရင်ခုန်နေရတာလဲ သူ့သူငယ်ချင်းနဲ့သူကို ဘာလို့သဝန်တိုနေမိတာလဲ
ငါတစ်ကယ် ဗီတာကို ချစ်နေမိတာလား ဗီတာကရော ဟင်းးး ငါတို့က သူငယ်ချင်းတွေဘဲ မဖြစ်နိုင်ပါဘူး*ရိူင်း စိတ်ညစ်လာတာကြောင့် ဆေးလိပ် သောက်နေသည် ဆေးလိပ်သောက်တုန်း ဇင်မြတ်အနားရောက်လာသည်

"ရိူင်းး"

"အော် ဇင်မြတ် "

"ခုနက ဘာလို့ထွက်သွားတာလဲ"

"ကိုယ် ဆေးလိပ်သောက်ချင်လို့ပါ"

"ဟုတ်လို့လား "

"ဟုတ်...ဟုတ်ပါတယ်ဆို"

"ဗီတာမင်ကို ဘယ်လိုသဘောရလဲ"

"ဘယ်လိုသဘောရ ရမှာလဲ"

"ဟင်းး ထားတော့ ရှင်းရှင်းဘဲပြောတော့မယ်ဗီတာကို ချစ်လား"

"ချစ်တယ်လေ သူငယ်ချင်းဘဲကို"

"သူငယ်ချင်းမဟုတ်ဘဲ တစ်ခြာသူအနေနဲ့"

"တစ်ခြားသူအနေနဲ့"

"အင်း ချစ်သူလိုမျိုးလေ"

"ဟာ...မဖြစ်နိုင်ပါဘူး သူလည်းယောက်ျားစိတ်မဝင်စားပါဘူး"

"စိတ်ဝင်စားခဲ့ရင်ရော "

နှောင်ဖွဲ့သောချစ်ခြင်း(Completed)Where stories live. Discover now