အခန်း(၂၁) ကျိကျန်းဝိန်နှင့်ယွင်လီလီတို့မိသားစု
ကျိကျန်းယွင်၏မျက်ခုံးတွေ တွန့်ချိုးသွားပြီး သူ့ညီမလေးကို ကြည့်လိုက်သည် ။ "ယွင်ယွင် ဘာတွေပြောနေတာလဲ?"
"ညီမလေးပြောတာက မရှင်းလို့လား တတိယအစ်ကို သူမလှည့်စားတာမခံပါနဲ့ အဲ့လိုမြေခွေးမနဲ့တူတဲ့ပုံစံကို အစ်ကို ဒီလောက်ထိ စွဲလန်းနေမယ်လို့ ညီမ မထင်မိခဲ့ဘူး!" ကျိယွင်ယွင် သရော်လိုက်သည်။
"တကယ်တော့ သူမက မကြာခင် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေရတော့မှာမို့ ကျွန်မ ပုံမှန်အားဖြင့် ဒီကို သိုးသား၊ အမဲသား၊ ဝက်သားနဲ့ ဥတွေ ယူလာပေးလေ့ရှိတယ် ယောင်းမလေး ဘာတစ်ခုမစားရဘူးလား၊ မဟုတ်ရင် ဒီလိုပြောနေမှာ မဟုတ်ဘူးလေ ” ဟု စူးတန်းဟုန် ခြောက်ကပ်ကပ်ဖြင့်ဆိုလိုက်သည်။
ပြန်ရောက်လာတာကြာနေပြီဖြစ်သည့် ကျိယွင်ယွင်က သူမအပေါ် ပုံမှန်မဟုတ်တာတွေ ဘယ်လောက်ပဲပြုမူပါစေ စူးတန်းဟုန် စိတ်ထဲမထားခဲ့ပေ။ သို့သော် ကျိယွင်ယွင်က ကျိကျန်းယွင်ရှေ့တွင်ပင် သူမကို မတူမတန်သလိုဆက်ဆံနေခြင်းကိုတော့ စူးတန်းဟုန် သည်းခံစရာအကြောင်းမရှိပေ။
သူမသည် ကျင့်၀တ်သိတတ်ရမည်ဖြစ်သော်လည်း ကျိယွင်ယွင်ကို ထိုသို့လုပ်ရန်မလိုအပ်ပါချေ။ အိမ်ပြန်ရောက်တာကြာလှပြီဖြစ်သည့်သူမက ဘာအတွက် ထူးထူးဆန်းဆန်းပြုမူနေရသေးသည်လဲ?
ကျိယွင်ယွင် ဆွံ့အသွားသည်။
စူးတန်းဟုန်ယူလာတဲ့အစားအစာတွေကို သူမ ဘယ်လိုလုပ်မစားရမှာလဲ။ ကောလိပ်ဝင်ခွင့် စာမေးပွဲကို မကြာခင် ဖြေဆိုရတော့မည်ဖြစ်သည့်အတွက် အာဟာရဖြည့်တင်းရန် လိုအပ်သည်ဟုပင် သူမ အကြောင်းပြချက်ပေးခဲ့သေးသည်။ သူမက အများဆုံးစားခဲ့ခြင်းဖြစ်ပြီး စူးတန်းဟုန်ယူလာသည့် အသားတစ်ဝက်ကျော်က သူမဗိုက်ထဲ ရောက်သွားခြင်းပင်။
ပြန်ရောက်တာ ရက်ပိုင်းသာရှိသေးသော်လည်း သူမအသားအရည်က ပို,ပို၍ကောင်းလာနေပြီဖြစ်၏...
"ညီမလေး နင်အစားအသောက်တွေ စားရတဲ့ပုံပါပဲ အဲ့ဒါကို ဒီစကားတွေဘာလို့ပြောရတာလဲ" စူးတန်းဟုန်၏လေသံက ဂရုမစိုက်ဟန်ဖြင့်ရှိနေဆဲဖြစ်၏။
YOU ARE READING
ချမ်းသာကြွယ်၀ရန်အတွက် 80ခုနှစ်သို့ ကူးပြောင်းလာခြင်း
RomanceStatus in COO - 681 chapters + 20 extras Type - Webnovel(CN) Genre - Fantasy, romance, slice of life, Farming , rebirth