အပိုင်း(၂)
တောင်ပေါ်ဒေသတစ်ပိုင်းလုံးမှာ နာမည်တစ်ခုနဲ့ရပ်တည်နေသည့် "မြဲစေ" ပရိဘောဂလက်မှုပစ္စည်းအရောင်းဆိုင်ကြီးဟာ အခုချိန်မှာတော့ "ယာယီပိတ်ထားသည်"ဆိုသော ဆိုင်းဘုတ်လေးဖြင့် ထူးထူးခြားခြားရှိနေလေသည်။
တကယ်တော့ ဒီသတင်းဟာ တိုးတိုးတိတ်တိတ်ဖြစ်သွားခဲ့သည့်သတင်းတော့မဟုတ်။
"မြဲစေ"ပရိဘောဂဆိုင်ရဲ့ ပိုင်ရှင်ဖြစ်သူ ဦးထင်မင်းကျော်ဟာ လက်အောက်ငယ်သားဝန်ထမ်းတစ်ယောက်ကို ရိုက်သတ်ခဲ့သည်ဟူသော သတင်းမှာ တောင်ပေါ်ဒေသတစ်ခုလုံးတွင် အပုပ်သတင်းအဖြစ်ပျံ့နှံ့နေလေသည်။" အစ်ကို ဘယ်လိုလုပ်ကြမလဲ ကိုယ်မဟုတ်ဘဲအပြစ်ခံရတာလောက် ရင်နာစရာကောင်းတာမရှိဘူးအစ်ကိုရယ် "
လိုအပ်သည့်ဖုန်းနဲ့ပိုက်ဆံအချို့ကိုယူကာ ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေသည့် ဦးထင်မင်းကျော်အား ဇနီးဖြစ်သူဒေါ်ချောချောငယ်မှ ငိုသံပါကြီးဖြင့်ပြောဆိုနေခြင်းပင်ဖြစ်၏။
" ချောငယ် ဒီကိစ္စကို မင်းဒင်တို့ဆက်ရှင်းထားလိမ့်မယ် ကိုယ့်ကိုဘယ်သူမေးမေး နိုင်ငံခြားထွက်သွားတယ်လို့သာပြော ဟုတ်ပြီလား "
ခေါင်းလေးတဆက်ဆက်ညိမ့်ပြရှာသော ဇနီးသည်၏နဖူးပြင်လေးကို ငုံ့နမ်းပြီး ဒီမြို့နယ်နဲ့ဝေးရာ သစ်တောကြိုးဝိုင်းဘက် ခေတ္တရှောင်ပုန်းဖို့ရာအတွက် ထွက်ပြေးလာခဲ့တော့သည်။
ကိုယ်လွတ်ရုန်းတယ်လို့ပဲဆိုဆို အချုပ်ခန်းဆိုသည့်နေရာကို ဦးထင်မင်းကျော်ဘယ်တော့မှသွားမှာမဟုတ်တာကြောင့် တစ်ကိုယ်တည်းကိုယ်လွတ်ရုန်းပြေးလာခဲ့လိုက်သည်။
ကြိုးဝိုင်းဘက် ရောက်သည့်အချိန်တွင် ဒီသတင်းဟာအတော်လေးပျံ့နှံ့နေပြီဖြစ်တာကြောင့် ပိုက်စိပ်တိုက်ရှာဖွေနေကြသည့်စစ်ဆေးရေးစခန်းတွေကို ဦးထင်မင်းကျော်တစ်ယောက် မရှောင်လွှဲနိုင်တော့ပြီမို့ ထိုနေရာကနေ ခြေဦးတည့်ရာ ရပ်ကွက်လေးတစ်ခုစီရောက်ရှိသွားခဲ့လေသည်။
ရပ်ကွက်အတွင်း မည်သည့်အိမ်နေရာကမှ ဦးထင်မင်းကျော်ကို ငှားရမ်းခြင်းမပြုသည့်အတွက် စိတ်ပျက်လက်ပျက်လျှောက်သွားနေတုန်း အနောက်ကနေ ရဲသားအချို့လူရှာနေသည့်ပုံစံကြောင့် လမ်းချိုးတစ်ခုသို့ချိုးဝင်လိုက်ပြီး ပထမဆုံးတွေ့မိသည့် မိန်းကလေးအား အကူအညီတောင်းမိသည်။
YOU ARE READING
ဂန္ထဝင်လက်ရာမြောက်အောင်ထုဆစ်ခြင်း(𝐎𝐧𝐠𝐨𝐢𝐧𝐠)
RomanceAvailable ❗ Unicode & Zawgyi " ယင်းယင်း.. မင်းက ကိုယ့်ဘဝမှာပထမဦးဆုံးပုံဖော်ထုဆစ်နိုင်ခဲ့တဲ့ လက်ရာအမြောက်ဆုံးနဲ့အလှဆုံးသော အနုပညာပဲ " ရှိန်းခေါင်မှိုင်း #Age-Gap