Episode - 16

635 34 2
                                    

အပိုင်း(၁၆)

" ဘာလို့လိုက်လာတာလဲ ကလေးရယ် "

" ဦးရှိန်း ပိုက်ဆံအိတ်ပါမသွားလို့လေ "

" ဟောဗျာ ဖုန်းပါတယ်လေ online paymentနဲ့ ဝယ်မှာပေါ့ ယင်းယင်းရဲ့ "

ထိုအခါမှ ယင်းမိုင်ခမ်းတစ်ယောက်မှာ သူမ၏မျက်ခုံးလှလှလေးကို အစွမ်းကုန်တွန့်ချိုးပစ်လိုက်ကာ..

" မသွားခင်ပြောသွားပါလား ဒီက ညောင်းပါတယ်ဆိုမှ သူအရှက်ကွဲမစိုးလို့ တကူးတကလိုက်လာရတဲ့ဟာကို လူယုတ်မာကြီး အကျင့်ပုပ်ကြီး "

ငိုမဲ့မဲ့မျက်နှာပေးလေးနဲ့ပြောနေသူအား ရင်ခွင်ထဲဆွဲထည့်လိုက်သော်လည်း အတင်းရုန်းကန်ထွက်သွားပြီး မြေပြင်ပေါ် ခြေထောက်ဆင်းကာ စိတ်ကောက်နေတော့၏။

" လူတွေကြည့်နေပြီ မရှက်ဘူးလား "

" မရှက်ဘူး ကိုယ့်ဟာကိုယ် ထိုင်ချင်တဲ့နေရာမှာထိုင်မှာပေါ့ "

" လာပါ ယင်းယင်းရယ် ခြေထောက်တွေညောင်းတယ်မလား ကိုယ်ကျောပိုးသွားပါ့မယ် ထ ထ "

" မထဘူး "

ပန်းခြံဖြစ်တာကြောင့် ဖြတ်သွားဖြတ်လာ လူတိုင်းက လှမ်းလှမ်းကြည့်နေသည်ကို ယင်းယင်ထက်ပင် ရှက်နေပုံပေါက်သည့် ဦးရှိန်းမှာ ဖင်ကုပ်၊ခေါင်းကုပ်ဖြင့်...။

" ထပါ ကလေးရယ် မင်းမရှက်ပေမယ့် ကိုယ်ရှက်တယ်လေကွာ သူများတွေဝိုင်းကြည့်ခံနေရတာအဆင်မပြေဘူး လာလာ ကိုယ်ကျောပိုးသွားမယ် "

" ရုပ်ခံလေးကြောင့် ခွင့်လွှတ်လိုက်တာနော် မဟုတ်ရင် မလွယ်ဘူး "

" ဟုတ်ပါပြီ လာ ကျောပေါ်တက် "

ပန်းခြံအပြင်ဘက် ယာဉ်ရပ်နားစခန်းရောက်သည်အထိ ချီပိုးလာသော ဦးရှိန်းအား အပေါ်ကနေ တတွတ်တွတ်နဲ့စကားတွေအဆက်မပြတ်ပြောနေမိသည်။

" ယင်းယင်းက အရမ်းဆိုးတာပဲနော် "

" ကိုယ့်ကိုကိုယ်သိပေါ့ကွာ လူအိုကြီးကို ကျောပိုးခိုင်းရဲတဲ့ စိတ်ဓာတ်လေးက ကိုင်ပေါက်ချင်စရာလေး "

ကျောပေါ်တွင်လည်းငြိမ်ငြိမ်မနေဘဲ ဆံပင်တွေလျှောက်ကိုင်လိုက် နားရွက်နှစ်ဖက်ကို သွားဖြင့်တစ်လှည့်စီ ဆွဲကိုက်လိုက်နဲ့ ကျောပိုးနေရသူအား ခရီးမတွင်ပဲ ပိုပင်ပန်းအောင်နှိပ်စက်နေသည့်အလား..။

ဂန္ထဝင်လက်ရာမြောက်အောင်ထုဆစ်ခြင်း(𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now