Episode - 13-B(Zawgyi)

145 4 0
                                    

အပိုင်း(၁၃-ခ)

မနေ့ကကိစ္စကို စိတ်ထဲဘဝင်မကျဖြစ်နေတာကြောင့် နောက်တစ်နေ့ ရိုက်ကူးရေးမှာလည်း စိတ်မပါလက်မပါဖြစ်နေရသည်ကို ဒရိုက်တာဖြစ်သူအပါအဝင် အဖွဲ့သားတွေကပါ အံ့ဩတကြီးဖြစ်နေလေတော့သည်။

" မင်းသမီး ဘယ်လိုတွေဖြစ်နေသလဲ နေမကောင်းဘူးလား "

" တောင်းပန်ပါတယ် ဒရိုက်တာကြီးရယ် ဒီနေ့ စိတ်ထဲတမျိုးတမည်ခံစားနေရလို့ အဲ့တာ တခြား scenesတွေပဲ အရင်ရိုက်ထားပေးပါလား "

" အင်းလေ မင်းသမီးကမှ စိတ်မပါတော့ဘဲ ဒီနေ့ရူတင်ဖျက်ရင်ဖျက် မဟုတ်လဲ တခြား scenesတွေရိုက်ထားဖို့ပဲရှိတော့တာပေါ့ "

မသင်ဇာမှာ မိတ်ကပ်ဆရာမလေးတွေနှင့်စကားစမြည်ပြောရင်း ပြန်ဖို့ပြင်နေသည့် ယင်းယင်းကို အထူးအဆန်းလှမ်းကြည့်လို့နေသည်။

" ယင်းယင်း ဘာဖြစ်လို့လဲ "

အနားကိုအတင်းကပ်နေသည့် မင်းသားဖြစ်သူမှာ နဖူးစမ်းလိုက်၊လက်ကိုင်လိုက်နှင့် သတင်းကြီးဖြစ်အောင် လုပ်ချင်နေသလား အောက်မေ့ရလေသည်။

" ကျွန်မအဆင်ပြေပါတယ် နေလဲကောင်းတယ် အခုပဲပြန်တော့မှာမလို့ ရှေ့ကဖယ်ပါအုံး အော်..နောက်ပြီး ကျွန်မကို အခုလိုမျိုးပြုမူနေတာတွေကို ဆင်ခြင်ပေးပါ... မသင်ဇာရေ ယင်းယင်းတို့ပြန်ကြရအောင် "

ယင်းမိုင်ခမ်း၏အသံကြောင့် မန်နေဂျာမသင်ဇာမှာ အနားကိုအပြေးအလွှားရောက်လာလေကာ ကြိုတင်ငှားထားပြီးဖြစ်လေသော ကားလေးအား စက်နှိုးလိုက်လေတော့သည်။

" နေမကောင်းဘူးလား ယင်းယင်း "

" ကောင်းပါတယ် ဒါပေမယ့် စိတ်ထဲ မနေ့ကိစ္စနဲ့ပတ်သတ်ပြီး တမျိုးတမည်ဖြစ်နေလို့ ဒီနေ့နားဖို့ဆုံးဖြတ်လိုက်တာ "

" အင်းပါ ဟိုတယ်ရောက်ရင် နားနားနေနေ အနားယူလိုက် ဟုတ်ပြီလား "

" ဟင့်အင်း မသင်ဇာ ယင်းယင်း ဟိုတယ်မပြန်သေးဘူး မနေ့က သွားခဲ့တဲ့စာအုပ်ဆိုင်ဆီပဲ မောင်းပေး "

" ဟုတ်ပြီ ဟုတ်ပြီ "

ရိုက်ကွင်းနေရာနှင့်စာအုပ်ဆိုင်လေးဟာ သိပ်ပြီးဝေးတယ်လို့ မဆိုရပေမယ့် တော်တော်တော့ လှမ်းသည်။

ဂန္ထဝင်လက်ရာမြောက်အောင်ထုဆစ်ခြင်း(𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now