အပိုင်း(၁၁)
" ကျောင်းမသွားဘူးလား "
ပိတ်ရက်လဲမဟုတ်ပါဘဲ အောက်ထပ်ဧည့်ခန်းတွင် အိမ်နေရင်းအဝတ်အစားဖြင့်အေးဆေးထိုင်နေသည့်ယင်းမိုင်ခမ်းကြောင့် ရှိန်းခေါင်မှိုင်းမှာ အံ့ဩတကြီးမေးမိလေသည်။
" ဦးရှိန်းပဲပြောတော့ သားဖွားဆရာမနဲ့ ဒီနေ့လိုက်ပြပေးမယ်ဆို "
" အင်းလေ သွားပြတာအချိန်ဘယ်လောက်မှ မပေးရတာကို ကျောင်းပျက်ဖို့အထိ လိုအပ်လို့လား "
" စာမှမလိုချင်တာ ကျောင်းပျက်ဖို့လောက်ပဲခေါင်းထဲရှိနေမှာပေါ့ "
" မေမေ "
ယင်းမိုင်ခမ်းမှာပြန်ချေပဖို့ပါးစပ်ပြင်နေတုန်းရှိသေး ကြားဖြတ်ဝင်ပြောလာသည့် ရှိန်းခေါင်မှိုင်းရဲ့မိခင်ကြောင့် ခေါင်းလေးသာငုံ့ထားမိတော့သည်။
" ကျောင်းစိမ်းသွားဝတ်တော့ ယင်းယင်း ခွင့်ကယူတိုင်းမကောင်းဘူး တော်ကြာစာတွေမလိုက်နိုင်ဘဲနေလိမ့်မယ် သွား "
" ဟို.. "
" ဟိုတွေ ဒီတွေပြောမနေဘဲ ကျောင်းစိမ်းသွားဝတ်တော့ ဘာမှလဲမဖြစ်တာကို ခွင့်မယူချင်နဲ့ယင်းယင်း "
" ဟုတ် "
ယင်းမိုင်ခမ်းရဲ့အလိုကိုလိုက်ချင်ပေမယ့် မိခင်ဖြစ်သူက တစ်မျိုးထင်မည်ကိုလည်းကြောက်ရသလို စာလုပ်ရမှာပျင်းသည့်ကလေးငယ်ကို စာကြွေးတွေနဲ့ပိလည်း မပိစေချင်တာကြောင့်ပင်။
ခဏအကြာတွင် ကျောင်းဝတ်စုံလေးကို သပ်သပ်ရပ်ရပ်ဝတ်ဆင်လာပြီး ဆံပင်တွေကို နှစ်ဖက်ခွဲစည်းထားလေသည့် ကလေးငယ်ဟာ စူပုတ်ပုတ်မျက်နှာပေးမျိုးဖြင့် ထမင်းစားခန်းတွင် မေမေပြင်ပေးထားသော ထမင်းချိုင့်ကိုသွားယူလေသည်။
" ဒီလိုမှပေါ့ ကျောင်းတက်ရတာမပျင်းပါနဲ့ ပျင်းပါများရင် ဖျင်းသွားလိမ့်မယ် ဆေးခန်းလဲဝင်ပြရအုံးမှာဆိုတော့ ကျောင်းနောက်ကျသွားမှာစိုးလို့ စောစောလေးသွားကြမယ် လာ "
ယင်းမိုင်ခမ်းလက်ထဲက ဆွဲခြင်းကို လက်ပြောင်းယူလိုက်ပြီး..
YOU ARE READING
ဂန္ထဝင်လက်ရာမြောက်အောင်ထုဆစ်ခြင်း(𝐎𝐧𝐠𝐨𝐢𝐧𝐠)
RomanceAvailable ❗ Unicode & Zawgyi " ယင်းယင်း.. မင်းက ကိုယ့်ဘဝမှာပထမဦးဆုံးပုံဖော်ထုဆစ်နိုင်ခဲ့တဲ့ လက်ရာအမြောက်ဆုံးနဲ့အလှဆုံးသော အနုပညာပဲ " ရှိန်းခေါင်မှိုင်း #Age-Gap