အပိုင်း(၁၇-ခ)
လက်ရှိနေထိုင်နေသော ဟိုတယ်ဆီပြန်ရောက်သည်နှင့် ညနေလောက်ကတည်းက ဝင်နေသော အသိပေးမတ်ဆေ့ခ်ျလေးကိုဖွင့်ကြည့်လိုက်မိသည်။
ယင်းမိုင်ခမ်း၏ Instagramအကောင့်သို့ ပို့ထားသည့်ဓာတ်ပုံတစ်ပုံနှင့်လိပ်စာဟုထင်ရသည့်စာတစ်ကြောင်း။
တစ်ဖက်က ပေးပို့လာသည့်ဓာတ်ပုံဟာ ကျောင်းဝတ်စုံအပြည့်နှင့် ရိုက်ထားသောမိုင်းမိုင်ခမ်း၏ဓာတ်ပုံပင်။
ယင်းမိုင်ခမ်းအနားကနေ အပြီးတိုင်ထွက်သွားခဲ့သည့်နေ့က ဓာတ်ပုံဖြစ်ပုံရသည်။
ထိုသို့ပြောနိုင်ေသာ အကြောင်းအရင်းမှာ ဓာတ်ပုံထဲတွင် ယင်းမိုင်ခမ်းမြင်နေရသည့် ခံ့မင်းနောင်ကြောင့်ပါပဲ။နှစ်ယောက်သားမှာ စကားများနေဟန်ရှိပြီး မိုင်းမိုင်ခမ်းဟာ သူမ၏ခေါင်းကိုအသာငုံ့ထားတာ ငိုနေဟန်ရှိ၏။
‘ ဒီပုံကို ဘယ်သူကများပို့လိုက်တာပါလိမ့် ’
တစ်ကိုယ်တည်းရေရွတ်မိလေကာ အောက်တွင်ပို့ထားလေသော လိပ်စာကိုပြန်ဖတ်ကြည့်နေမိသည်။“ ယင်းယင်း ကိုယ်ညစာပြင်ပေးထားတယ် အရင်စားနှင့်လိုက် ”
“ ဦးရှိန်းကရော အတူမစားဘူးလား ”
“ အင်း ရင်ပြည့်နေလို့ နောက်ကျမှစားဖြစ်လိမ့်မယ်ထင်တယ် ”
“ ဒါဆိုလည်း ဦးရှိန်းဗိုက်ဆာမှ အတူစားကြတာပေါ့ ယင်းယင်းလည်း ရင်ပြည့်ချင်သလိုဖြစ်နေတယ် ”
“ အင်း သဘော သဘော ”
အခန်းပြန်သွားသည့် ဦးရှိန်းကို ထပ်ပြီးလည်းစကားတွေပြောမနေမိတော့ဘဲ ဓာတ်ပုံကိစ္စကိုပဲ သိချင်နေမိတော့သည်။
စာပို့သူ၏ အကောင့်ကိုဝင်စစ်ကြည့်မိသော်လည်း ဘာသဲလွန်စမှမတွေ့ခဲ့သလို ပရိုဖိုင်ဓာတ်ပုံတောင် ထားရှိခြင်းမရှိသူ ဖြစ်နေ၏။
အခန်းအတွင်း ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နဲ့ အချိန်အတော်လေးဖြုန်းနေလိုက်မိသည်။
(ဖုန်းမြည်သံ)
နံပါတ်စိမ်းဖြစ်နေသည့်အပြင် calling code နံပါတ်ဟာ +33 ဖြစ်၏။
YOU ARE READING
ဂန္ထဝင်လက်ရာမြောက်အောင်ထုဆစ်ခြင်း(𝐎𝐧𝐠𝐨𝐢𝐧𝐠)
RomanceAvailable ❗ Unicode & Zawgyi " ယင်းယင်း.. မင်းက ကိုယ့်ဘဝမှာပထမဦးဆုံးပုံဖော်ထုဆစ်နိုင်ခဲ့တဲ့ လက်ရာအမြောက်ဆုံးနဲ့အလှဆုံးသော အနုပညာပဲ " ရှိန်းခေါင်မှိုင်း #Age-Gap