Part 12

705 32 3
                                    

အပိုင်း(၁၂)

ဧည့်ခန်းအတွင်း ယင်းမိုင်ခမ်းအား အရင်ကထက် ပိုပြီးအကဲခတ်သလို ကြည့်နေလေသည့် ရှိန်းခေါင်မှိုင်း၏မိခင်မှာ ရင်ထဲ မေးခွန်းတွေဖြင့်ပြည့်နှက်နေလေသည်။

" သက်သာလား ယင်းယင်း "

" ဟုတ်ကဲ့ သက်သာပါတယ် "

" ဘယ်သူလုပ်တာလဲပြော ကလေးတစ်ယောက်ကို အခုလောက်အထိ လက်ပါရအောင် သူက ဘာကြီးဖြစ်နေလို့လဲ "

" တကယ်တော့ ယင်းယင်းကို အစ်မနှိုင်းမမှီက ပါးရိုက်လိုက်တာပါ "

" ဘာ!! "
" ဘယ်လို!! "

ယင်းယင်းရဲ့စကားကြောင့် ဦးရှိန်းရော ဦးရှိန်းရဲ့မေမေကပါ အံ့ဩတကြီးဖြစ်သွားကြလေတော့၏။

" မေမေ ကြားတယ်နော် နှိုင်းမမှီရဲ့ရိုင်းစိုင်းမှုကို မေမေ အခုကြားပြီမလား "

" နှိုင်းမမှီ ရိုက်ရလောက်အောင် နင်က ဘာသွားပြောလိုက်သလဲ ထည့်ပြောအုံးလေ "

ယင်းမိုင်ခမ်းဘက်လှည့်ကာ မေးခွန်းပြန်ထုတ်လေသော မေမေကြောင့် ရှိန်းခေါင်မှိုင်းမှာ စုတ်သပ်မိလေသည်။

" အိမ်က ကလေးက ရိုင်းတယ်ဆိုတာမှန်တယ် ဒါပေမယ့်ဘာမှမဟုတ်ဘဲနဲ့တော့ ရိုင်းစိုင်းနေတာမျိုးမဟုတ်ဘူးဆိုတာ မေမေလဲသိပါတယ် ဒါတောင် မေမေက နင်ဘာသွားပြောသလဲ မေးထွက်သေးတယ်နော် "

" ရှိန်းခေါင်မှိုင်း နင်ဘာမှအတပ်မသိဘဲ ဝင်ဝင်ရှည်မနေပါနဲ့ ကြားထဲက ကန့်လန့်ကန့်လန့်နဲ့ နင့်ကိုယ်နင် သူ့အဖေအရင်းလိုများ ထင်နေလား "

" ထင်နေတာမဟုတ်ဘူး အဖေအရင်းလို့ကို ခံယူထားတာ ကျွန်တော်တောင်အတပ်မသိရင် မေမေဆို ဘာမှသိတာမဟုတ်ဘူးလေ ယင်းယင်းပြောတာကို အရင်နားမထောင်ဘဲ သူ့ကိုယ်သူအပြစ်သားတစ်ယောက်လို ထင်ဟပ်စေမဲ့ စကားလုံးရင့်ရင့်တွေ မသုံးနှုန်းပါနဲ့.. မေမေက အရမ်းကိုယဉ်ကျေးသိမ်မွေ့ပြီး လူလူချင်းခွဲခြားဆက်ဆံတာမျိုးကို သဘောမကျတတ်တဲ့ အမျိုးသမီးတစ်ယောက်ပါ အဲ့လောက်ထိ ကလေးကိုရင့်သီးနေတာမျိုး မလုပ်ပါနဲ့ "

သားအမိနှစ်ယောက်ကြား စကားအချေအတင်ဖြစ်ရုံမကဘဲ တကယ့်ရန်ပွဲဖြစ်တော့မည့် အနေအထားမျိုးဖြစ်နေလေပြီ။

ဂန္ထဝင်လက်ရာမြောက်အောင်ထုဆစ်ခြင်း(𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now