Episode - 4

833 37 8
                                    

အပိုင်း(၄)

ငါးနှစ်ကြာသောအခါ...။

" ဟဲ့ နင်တို့က ဘာအတွက်စာသင်နေတာတုန်း အချိန်တန်ရင် ဖာပဲလုပ်စားရမှာမဟုတ်ဘူးလား စာတတ်ဖို့မလိုပါဘူးဟယ် "

ဒီစကားတွေဟာ ယင်းယင်းတို့အမွှာနှစ်ယောက် နေ့စဉ်ကြားနေရသော စကားတွေပါပဲ။
ဦးထင်မင်းကျော်ဟာ ကျောင်းကောင်းမှာတတ်စေချင်သည့်အတွက် ယင်းယင်းတို့ကို ထားပေးခဲ့သော်လည်း အခုလိုစော်ကားခံရဖို့အတွက်များလားဟု တစ်ခါတရံစိတ်မှာတွေးထင်မိ၏။

ကျောင်းကန်တင်းမှာ ထမင်းသွားစားတိုင်း ယင်းယင်းတို့မှာ ဒီဒုက္ခနဲ့ရင်ဆိုင်ရသည်။

" မိုင်းမိုင် နင်တော်ပြီလား စားအုံးလေ "

" တော်ပြီ ငါဗိုက်ပြည့်သွားပြီ အတန်းထဲမှာစာသွားရေးနေတော့မယ် ပြီးရင် လိုက်ခဲ့လိုက် "

" မသွားနဲ့ မိုင်းမိုင် နင့်ကိုအတန်းထဲက ကျောင်းသားတွေအနိုင်ကျင့်ကြလိမ့်မယ် ငါနဲ့မှအတူသွားရအောင်ဟုတ်ပြီလား "

မိုင်းမိုင်ဟာ သိပ်ကြောက်တတ်သည်။
ဘယ်သူဘာပြောပြော ပြန်ခံပြောတတ်ဖို့နေနေသာသာ မျက်ရည်လေးစမ်းစမ်းနဲ့ ငိုဖို့လောက်သာ သိနေသူ။

" ယင်းမိုင်ခမ်း!!! "

အသံလာရာကို လှည့်ကြည့်လိုက်ချိန်မှာတော့ ဦးထင်မင်းကျော်ရဲ့သားအကြီးဆုံးဖြစ်သူက မွေးထားသော အငယ်ဆုံးသမီး စိမ့်သခင်ပင်။
ယင်းယင်းတို့နှင့်အတန်းတူသည့်အပြင် အခန်းပါလာတူနေသလို ယင်းယင်းတို့အကြောင်းအား တစ်ကျောင်းလုံးသိလေအောင် ပြောပြလိုက်သူဆိုရင်လည်း မမှားနိုင်ပါ။

" ဘာလဲ စိမ့်သခင် "

" အဟားးး ဖာသည်မရဲ့သမီးကများ ငါ့ကို လေသံမာမာနဲ့ပြောရဲတယ်ပေါ့ "

" ဘာလို့မပြောရဲရမှာလဲ ဒီမှာစိမ့်သခင်  ငါ့ကိုလေသံပျော့နဲ့ ပြောစေချင်ရအောင် နင့်ကိုယ်နင် မင်းသမီးများထင်နေသလား "

" ကောင်မ နင်ကများ... ငါ့ကို ဖိုးဖိုးကောင်းမှုနဲ့ အခုလိုနေနိုင်နေတဲ့ဟာမကများ "

အမှိုက်အိတ်ခွံတွေဖြင့် ပစ်ပစ်ပေါက်နေသော သူ့ကိုကြည့်နေရင်း ယင်းယင်းမှာအစားမပျက်ခဲ့။

ဂန္ထဝင်လက်ရာမြောက်အောင်ထုဆစ်ခြင်း(𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now