Episode 15-A

758 34 8
                                    

အပိုင်း(၁၅-က)

မြို့အစွန်ကျသော နေရာတစ်ခုတွင် ကြီးမားသောအဆောက်အအုံကြီးနှင့်အတူ ဘေးတွင်ကပ်လျက်ရှိနေသည်က ပန်းပေါင်းစုံစိုက်ပျိုးထားလေသော ပန်းဥယျာဉ်အကျယ်ကြီးပင်ဖြစ်ပြီး ထိုဥယျာဉ်ကြီးဟာမြင်သူတိုင်းမှင်သက်ငေးမောရလေအောင် လှရက်နိုင်လွန်း၏။

" အဲ့ဒီ့ပန်းဥယျာဉ်ကြီးမှာ ဓာတ်ပုံရိုက်ချင်လိုက်တာ "

ယင်းယင်းစကားကြောင့် ဦးရှိန်းမှာ မျက်ခုံးတစ်ဖက်ပင့်ပြကာဖြင့် လှမ်းကြည့်သည်။

" ဦးရှိန်းက ဘာကြည့်တာလဲ ဘာဖြစ်ချင်လို့လဲ "

" အလှတွေအရမ်းထုတ်ပြချင်နေတာပေါ့ဟုတ်လား "

" ဘာမှလဲမဆိုင်ဘူး ဓာတ်ပုံရိုက်မယ်ပဲပြောတာလေ ပဲတွေများပြမယ်လို့မပြောဘူးလေ သဝန်တိုချင်လဲ ကြီးကြီးမားမားကိစ္စတွေကိုတိုပါ ဦးရှိန်းခေါင်မှိုင်းကြီးရဲ့ "

" ပိစိလေးကအစ သဝန်တိုတယ်ဆိုရင်ရော "

" အာခံတွင်းထဲသာ ထည့်ငုံထားလိုက်လေ မကောင်းဘူးလား "

ယင်းမိုင်ခမ်းစကားကို ဟက်ဟက်ပက်ပက်ရယ်ရင်း သူဌေးမင်းဆိုသူ၏ ခြံအမိုက်စားကြီးရှေ့ ကားကိုခဏရပ်လိုက်လေတော့ အထဲမှာလုံခြုံရေးအစောင့်ကောင်လေးမှာ ခြံရှေ့သို့ပြေးထွက်လာလေသည်။

" သူဌေးမင်းနဲ့တွေ့ဖို့ appointment ယူထားသေးလား "

" ဟင် သူက ဘာကြီးမို့လို့ အဲ့လိုတွေလုပ်ရမှာလဲ သူက.. "

ရှိန်းခေါင်မှိုင်းမှာ ယင်းမိုင်ခမ်း၏ လက်သေးသေးလေးအားအသာဖျစ်ညှစ်ကာ အချက်ပြလိုက်ပြီး သူမစကားကို ဖြတ်ပြောဖို့ပြင်လိုက်သည်။

" မယူထားပါဘူး မယူထားမိရင် တွေ့လို့မရနိုင်ဘူးလား "

" ဟုတ်ပါတယ် တွေ့လို့မရနိုင်ပါဘူး လောလောဆယ် သူဌေးမင်းရော သူဌေးကတော်ပါ စံအိမ်မှာမရှိပါဘူး ကြိုတင်ရက်ချိန်းယူထားသူတွေရှိရင်လည်း ခိုင်လုံတဲ့တွေ့ဆုံမှုဖြစ်မှ တွေ့ဖို့လက်ခံတာပါ "

ယင်းမိုင်ခမ်းမှာ လုံခြုံရေးအစောင့်ကောင်လေး၏စကားကို နားထောင်နေရင်း နှုတ်ခမ်းတွေကို မဲ့ထားမိ၏။

ဂန္ထဝင်လက်ရာမြောက်အောင်ထုဆစ်ခြင်း(𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now