Episode - 6

722 35 4
                                    

အပိုင်း(၆)

ဒီတစ်ပတ်ကျောင်းပိတ်ရက်ဟာ ယင်းယင်းအတွက် ဘယ်လိုမှ စိတ်အပန်းမပြေစေခဲ့သလို မျက်ရည်များဖြင့် အချိန်ကုန်ဆုံးခဲ့ရလေသည်။

Sketch book လေးရဲ့ စာမျက်နှာတိုင်းမှာ ရေးခြစ်ထားခဲ့သည့် ပုံတိုင်းဟာ ဦးရှိန်းရဲ့ ပုံတူတွေပင်ဖြစ်၏။
ထိုပုံတွေရဲ့အောက်တွင် အမြဲလိုလိုရေးထားတတ်သည့် စာလေးတစ်ကြောင်းဟာ အခုဆို ယင်းယင်းကို လှောင်ပြုံး ပြုံးပြနေလေပြီ။

စိတ်ကစားတတ်သည့်အသက်အရွယ်လေးကတည်းက သဘောကျမိခဲ့သော သူ။

တစ်ချိန်မှာ ယင်းယင်းနဲ့ပတ်သတ်မှုရှိလာလိမ့်မယ်လို့ထင်ခဲ့မိတဲ့ သူ။

အခုတော့ တခြားတစ်ယောက်နဲ့ တရားဝင်ပတ်သတ်မှုရှိသွားသည့်အပြင် တခြားတစ်ယောက်ရဲ့အပိုင်အဖြစ် မြင်နေရတော့မည့် သူ။

ဒီအရွယ်လေးနဲ့ အဲ့လောက်တောင်ဖြစ်နေရသလားမေးရင် ဟုတ်ပါတယ်လို့ပြန်ဖြေမိတော့မည်။
အဲ့လောက်တောင်မှ အခုလိုရွနေရသလားမေးရင် ဟုတ်ပါတယ်လို့ အရှက်မရှိပြန်ဖြေမိတော့မည်။

စေ့စပ်ပွဲကျင်းပရာ နေရာဆီ ဘယ်လိုစိတ်မျိုးနဲ့ လိုက်ခဲ့ရမှန်း အခုထိ မစဉ်းစားတတ်။

မှန်ထဲတွင်မြင်နေရသော မိမိမျက်နှာကို သေချာစူးစိုက်ကြည့်နေရင်း ဗီလိန်ဆန်ဆန်အတွေးမျိုးနဲ့ ထိုအစ်မရဲ့ပိုင်ဆိုင်မှုဖြစ်သော ဦးရှိန်းကို လုယူဖို့လောက်သာ စဉ်းစားနေခဲ့မိသည်။

" မင်းသမီးလေးလုပ်ပြီး သူချစ်လာမဲ့နေ့အထိ မစောင့်ချင်ဘူး ဗီလိန်အဖြစ်နဲ့ပဲ အပိုင်ဖြစ်အောင် လုယူချင်တယ် ဦးရှိန်းက ယင်းယင်းရဲ့ ပိုင်ဆိုင်မှုအဖြစ်ရှိနေရမယ် ယင်းယင်းကိုပဲ ချစ်ရမယ် ဂရုစိုက်ပေးရမယ် "

စီးကျနေသော မျက်ရည်များကို ကြမ်းတမ်းစွာသုတ်ချပစ်လိုက်ပြီး sketch book လေးထဲ စုံတွဲပုံလေးတစ်ပုံအား အချိန်ယူကာ သေချာရေးခြစ်လိုက်သည်။

ရေးနေကျ ပုံအောက်လေးမှာတော့ အရင်စာမျက်နှာတွေနဲ့မတူ ခြားနာစွာဖြင့် စာလေးတစ်ကြောင်းကို ခပ်သော့သော့လေး ရေးဖြည့်လိုက်သည်။

ဂန္ထဝင်လက်ရာမြောက်အောင်ထုဆစ်ခြင်း(𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now