Episode - 14(Zawgyi)

226 4 0
                                    

အပိုင်း(၁၄)

ကျောက်စိမ်းလက်ကောက်လေးနှစ်ကွင်းအား ညာဘက်လက်တွင် သေချာဝတ်ဆင်ထားလိုက်ပြီး ဦးရှိန်းဆီ ဖုန်းခေါ်လိုက်ပေမယ့် စက်ပိတ်ထားသည်ဟုသာ ပြန်ကြားရလေသည်။

" ကျစ်! ဦးရှိန်းကတော့ ဝမ်းနည်းအောင်လုပ်ပြန်ပြီ မဟုတ်မှ ဟိုမိန်းမနဲ့အတူရှိနေတာများလား "

လက်ထဲက ဖုန်းလေးကို အိပ်ယာပေါ်ပစ်တင်လိုက်ပြီး ဒီမြို့မျက်နှာဖုံးဆိုသောလူ၏အကြောင်းကို တိတိကျကျပြောပြနိုင်သည့် လူတစ်ယောက်အား မသင်ဇာကို ရှာဖွေခိုင်းလိုက်သည်။

" ဒီမြို့ရဲ့မျက်နှာဖုံးဖြစ်တဲ့ သူဌေးမင်းအကြောင်းကို ပြောပြပေးနိုင်မလား "

နိုင်ငံခြားဘာသာကိုသိပ်မကျွမ်းကျင်သည့်ယင်းယင်းအတွက် ဘေးတွင်ရှိနေသောစကားပြန်မှာ ဒီကိုမလာခင် ဦးရှိန်းကိုယ်တိုင်ငှားယမ်းပေးထားတာပင်ဖြစ်၏။

" မြို့တော်ဝန်ရဲ့သားလို့ ကောလဟာလတွေထွက်နေပေမယ့် ဘယ်သူမှတိတိကျကျအဖြေမပေးနိုင်ကြဘူး သူဌေးမင်းရဲ့နာမည်က နိုအာ ဒေး ဒါဝင် (Noah Day Darwin) လို့ခေါ်တယ် သူ့အသက်ကိုတိတိကျကျဖော်ပြထားတာမျိုးလည်းမရှိဘူး ဒါပေမယ့်သူ့အမျိုးသမီးဖြစ်တဲ့ ဖရီယာ ဒေး ဒါဝင်(Freya Day Darwin)နဲ့တော့ အိမ်ထောင်သက် ရှစ်နှစ်တိတိရှိပြီဖြစ်ကြောင်း ရှေ့လလောက်က ပွဲတစ်ခုကျင်းပသွားခဲ့လို့သိထားရပါတယ် "

" သူတို့နဲ့တွေ့ဖို့အတွက်ဆို ဘာတွေလိုအပ်သလဲဟင် တွေ့လို့ရောရနိုင်လား "

" ပုံမှန်အားဖြင့် အိမ်တော်မှာဧည့်သည်လက်ခံလေ့မရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကို ဆက်ဆံပုံခြင်းမတူတာတော့ တွေ့လို့ ရမရ ဆိုတာကို အတပ်မသိနိုင်ပါဘူး အိမ်တော်က ဒီမြို့ရဲ့ အစွန်လောက်မှာရှိပါတယ် သီးသန့်အဆောက်အအုံကြီးတစ်ခုကိုမြင်ပြီဆိုတာနဲ့ သူဌေးမင်းရဲ့အိမ်တော်ကို ရောက်ပြီလို့သာ မှတ်လိုက်ပါ "

" သူတို့မှာ သားသမီးတွေ ဘာတွေရော ရှိကြလား "

" မရှိသေးပါဘူး "

ထိုသူပြောပြသည့်အချက်အလက်များအား သေချာနားထောင်ရင်း အဆင်ပြေမည့်တစ်ရက်ရက်တော့လိုက်သွားဖို့အတွက် ပြင်ဆင်ထားလိုက်မိသည်။

ဂန္ထဝင်လက်ရာမြောက်အောင်ထုဆစ်ခြင်း(𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now