အပိုင်း(၇)
ခေါင်းတစ်ခုလုံးချာချာလည်မူးနောက်နေကာ မျက်ခွံများဟာလည်း လေးလံထိုင်းမှိုင်းနေပြီး ရေအောက်ရောက်နေသည့်ခန္ဓာကိုယ်ကိုကျောက်ခဲဖြင့်ဆွဲထားသည့်ခံစားချက်မျိုးဖြစ်နေတာကြောင့် ဘယ်လိုမှလည်း မလှုပ်နိုင်ခဲ့။
ထို့အပြင်လက်ကောက်ဝတ်မှ တဆစ်ဆစ်နဲ့ကိုက်ခဲနာကျင်မှုဒဏ်ကို စက္ကန့်မလပ် ခံစားနေရသေးသည်။" ယင်းယင်း ယင်းယင်း "
နားထဲတိုးညှင်းညှင်းနဲ့ ကြားနေရသောအသံဟာ ဘယ်သူ့အသံများပါလိမ့်။လက်ဖဝါးပြင်လေးဟာ တစ်စုံတစ်ယောက်ရဲ့လက်ကြောင့် ခပ်နွေးနွေးဖြစ်သွားရပြီး ရေမွှေးရနံ့မဟုတ်သော သင်းပျံ့ပျံ့အနံ့လေးဟာ နှာဝအတွင်းသို့ ကလူ၏သို့ မြှူ၏သို့နဲ့ ကျီစယ်နေသယောင်ယောင်။
မျက်လုံးတွေကို အားယူကာဖွင့်ကြည့်လိုက်မိချိန်မှာတော့ ယင်းမိုင်ခမ်းမြင်လိုက်ရသည့်သူမှာ ဒေါက်တာမျိုးခန့်ကျော်ကိုပင်။
" ဦးခန့် "
" သတိရလာပြီလား အခုဘယ်လိုနေသေးလဲ ပြောပါအုံး "
အရင်အတိုင်းချိုသာလွန်းတဲ့အကျင့်ဟာ အခုချိန်အထိ ဘယ်တုန်းကမှမပြောင်းလဲသွားခဲ့။" ခေါင်းတွေအရမ်းမူးနေတယ် လက်ကလည်းအရမ်းကိုက်တယ် "
ကိုယ့်အပြစ်နဲ့ကိုယ် ဖြစ်တာဆိုပေမယ့် လူတိုင်းရဲ့ဂရုစိုက်မှုကို ယင်းမိုင်ခမ်းလိုချင်မိပါသည်။" ခေါင်းတွေမူးမှာပေါ့ သွေးပေါင်တွေတအားထိုးကျနေတာကိုး.. ညဘက်တွေမအိပ်ဘူးလားယင်းယင်း "
" အိပ်ပါတယ် ဒါပေမယ့် ညတိုင်းမိုင်းမိုင်ကို သတိရပြီး လန့်လန့်နိုးနေတော့ အိပ်ပျက်ရက်တွေရှိနေခဲ့တာပါ "
ယင်းမိုင်ခမ်း၏စကားကြောင့် မျိုးခန့်ကျော်မှာ သက်ပြင်းရှည်ကြီးအားရင်နင့်စွာဖြင့် ချလိုက်သည်။
" မိုင်းမိုင်သေဆုံးမှုအတွက် ဦးခန့်စိတ်မကောင်းပါဘူး ဒါပေမယ့် ယင်းယင်းကတော့ စိတ်ပျော့နေလို့မရဘူးနော် ရှေ့ဆက်ရမဲ့နေ့ရက်တွေအများကြီးရှိသေးတယ် ဒီနေရာမှာတင် ခြေစုံရပ်နေခဲ့လို့မရဘူး "
YOU ARE READING
ဂန္ထဝင်လက်ရာမြောက်အောင်ထုဆစ်ခြင်း(𝐎𝐧𝐠𝐨𝐢𝐧𝐠)
RomanceAvailable ❗ Unicode & Zawgyi " ယင်းယင်း.. မင်းက ကိုယ့်ဘဝမှာပထမဦးဆုံးပုံဖော်ထုဆစ်နိုင်ခဲ့တဲ့ လက်ရာအမြောက်ဆုံးနဲ့အလှဆုံးသော အနုပညာပဲ " ရှိန်းခေါင်မှိုင်း #Age-Gap