အပိုင်း(၈)
မနက်ခင်းလေးဟာ ကြည်နူးမှုအပြည့်နဲ့နိုးထလာရလေတော့ ယင်းယင်းရဲ့စိတ်ထဲ ကြည်လင်လန်းဆန်းနေလေသည်။
တစ်ညလုံးဖက်အိပ်ထားသည့် ဦးရှိန်းကို ဘေးနေရာမှာလိုက်စမ်းမိလေတော့ ရှိမနေခဲ့။
" ဦးရှိန်း ဦးရှိန်း "
ယင်းယင်းရဲ့အသံကြောင့်ပဲ အတိတ်အကြောင်းများကို ပြန်တွေးတောနေသည့် ရှိန်းခေါင်မှိုင်းမှာ ရပ်နေသည့် ဝရံတာကနေ အခန်းထဲပြန်ဝင်လာခဲ့မိ၏။
" ဦးရှိန်း!! "
ရှိန်းခေါင်မှိုင်းကို မြင်လေလျှင် အပြေးအလွှားလာဖက်ထားသည့် ယင်းယင်းက သူ့နှုတ်ခမ်းနဲ့မှီရာ ရှိန်းခေါင်မှိုင်း၏ခန္ဓာကိုယ်အစိတ်အပိုင်းတွေအား တဖွဖွနမ်းနေ၏။
" ယင်းယင်း "
" ဟင် "
" သန်ဘက်ခါ ပြည်ပခရီးစဉ်ရှိတယ်ဆို "
ရှိန်းခေါင်မှိုင်းပြောလေတော့မှ သတိရသွားသည့်ဟန်မျက်လုံးလေးများဟာ စိတ်ရှုပ်သွားသည့်ပုံစံပေါက်နေသည်။
" ဖြစ်နိုင်ရင် မသွားချင်တော့ဘူး ဦးရှိန်းနဲ့ပဲ အတူနေချင်တယ် "
" စိတ်ကိုအလိုမလိုက်နဲ့လေ အခုလည်းအတူရှိနေရတာပဲ ဟိုသွားလည်းခဏပေါ့ ပြီးရင်ပြန်တွေ့ကြမှာပဲဟာ ဘာလဲ ဒီနှစ်ရဲ့အကောင်းဆုံးဆုကို လက်လွတ်တော့မလို့လား "
အရောင်ဆိုးထားသော ယင်းယင်းရဲ့ဆံနွယ်တွေအား ရှိန်းခေါင်မှိုင်းမှာ တယုတယနဲ့နမ်းရှိုက်နေရင်း မေးလိုက်တော့ နှုတ်ခမ်းကို ရှေ့ထော်ပြကာ..
" ယင်းယင်း ဒီနိုင်ငံမှာမရှိတဲ့အချိန်အတွင်း ဟိုမိန်းမနဲ့မတွေ့ပါဘူးလို့ ကတိပေး ဘာပြူးကြည့်နေတာလဲဦးရှိန်း ကတိပေးလို့ "
" အင်း ကတိ ကတိ အဲ့ဒီ့ရက်အတွင်း လူနာပါးရင် ကိုယ်လိုက်ခဲ့ပါအုံးမယ် "
" တကယ်နော် "
ယင်းယင်းမှာ ပြောလဲပြော ရှိန်းခေါင်မှိုင်း၏နှုတ်ခမ်းတွေအား ခြေဖျားလေးထောက်ကာ တမေ့တမောနမ်းရှိုက်နေ၏။
ရှိန်းခေါင်မှိုင်းကိုယ်တိုင်ကလဲ ထိုအထိအတွေ့တွေကို သဘောကျနှစ်ခြိုက်နေမိခဲ့တာ ဘယ်အချိန်လောက်ကတည်းကပါလဲ။
YOU ARE READING
ဂန္ထဝင်လက်ရာမြောက်အောင်ထုဆစ်ခြင်း(𝐎𝐧𝐠𝐨𝐢𝐧𝐠)
RomanceAvailable ❗ Unicode & Zawgyi " ယင်းယင်း.. မင်းက ကိုယ့်ဘဝမှာပထမဦးဆုံးပုံဖော်ထုဆစ်နိုင်ခဲ့တဲ့ လက်ရာအမြောက်ဆုံးနဲ့အလှဆုံးသော အနုပညာပဲ " ရှိန်းခေါင်မှိုင်း #Age-Gap