အပိုင်း(၃)
ကလေးအငယ်လေးနှစ်ယောက်ရောက်လာကတည်းက အိမ်မှာဖြစ်လိုက်တဲ့ပြဿနာဆိုတာ တစ်နေ့တစ်နေ့ မရိုးနိုင်အောင်များပြားလှ၏။
အဆိုးဆုံးကတော့ မီးမီးငယ်ပင်။
" ဟဲ့ နင်တို့ကို အခန်းသန့်ရှင်းရေးသွားလုပ်လို့ပြောထားတယ်လေ ဒီဘာမဟုတ်တဲ့ ဖာသည်မ ကလေးတွေကို ထိန်းကျောင်းမနေနဲ့ "
အိမ်အကူကောင်မလေးတိုက်နေသည့် နို့ဘူးလေးကို ခပ်ဝေးဝေးဆွဲလွှင့်ပစ်လိုက်ပြီး ရင်ခွင်ထဲပွေ့ချီထားသော ကလေးငယ်လေးကို လူသတ်မည့်အကြည့်များနှင့် စိုက်ကြည့်နေလေသည်။
" မမလေးရယ် ကလေးတွေက အပြစ်ကင်းပါတယ် နောက်ပြီးမိလုံး အပေါ်ရောက်သွားပြီလေ ကျွန်မကို ကလေးထိန်းဖို့ ဆရာက တာဝန်ပေးထားတော့ ဘယ်လိုလုပ်ရမလဲ "
" ကောင်မက ငါ့ကိုအာခံနေတာပဲ ဒီအိမ်မှာ ဒယ်ဒီပြီးရင် ငါ့စကားကို နင်တို့အားလုံး နာခံကြရမှာပဲ အခုနင်ငါ့ကိုအာခံနေတာဆိုတော့ သွား အခုချက်ချင်း ကိုယ့်အထုတ်ကိုယ်ယူပြီး ငါ့အိမ်ပေါ်ကနေ ချက်ချင်းဆင်းသွားစမ်း ကောင်မ! "
" မီးငယ် အဲ့တာဘာတွေဖြစ်နေတာလဲ "
ဒုတိယအစ်ကိုဖြစ်သူရဲ့စကားကြောင့် မီးငယ် အနားကို ပြေးသွားလိုက်ပြီး အိမ်အကူကောင်မလေးအား လက်ညှိုးထိုးပြလိုက်ကာ..
" သူပေါ့ ကိုလတ်ရယ် မီးငယ်အခန်းသန့်ရှင်းရေးလုပ်ခိုင်းတာကို အာခံတဲ့လေသံနဲ့ပြန်ပြောနေတယ် "
" သူကလေးထိန်းနေတယ်လေ မီးငယ်ရယ် လာ ကိုလတ်နဲ့အတူ အခန်းအတူသွားရှင်းကြမယ် မီးငယ်ကို ကိုလတ်ကူပေးမယ်နော် ဟုတ်ပြီလား "
မီးမီးငယ်မှာ ခြေကိုဆောင့်ပြီး ကိုလတ်ပြောသည့်စကားကို ခေါင်းတခါခါ၊လည်တစ်ခါခါဖြင့် ပြန်တုံ့ပြန်၏။
" မရပါဘူးနော် မီးငယ်က ဘာလို့ ကိုယ့်အခန်း ကိုယ်ရှင်းရမှာလဲ ကိုယ့်ဖာသာလုပ်ရမယ်ဆိုရင် သူတို့ကိုလစာပေးပြီး အိမ်ပေါ်ခေါ်တင်မထားဘူး "
ကိုလတ်ဆိုသူမှာ ဦးထင်မင်းကျော်၏ဒုတိယသားဖြစ်ပြီး ဆေးတက္ကသိုလ် တတိယနှစ်တက်နေသူဆိုရင်လည်းမမှားနိုင်ပါ။
ဆရာဝန်လောင်းလျာဖြစ်သည့်အတွက်ကြောင့် စိတ်သဘောထားနူးညံ့သိမ်မွေ့ပြီး ကိုယ်ချင်းစာစိတ်လေးအပြည့်ရှိသည်။
ထိုကောင်လေး၏ အမည်ကား...
မျိုးခန့်ကျော်...။
YOU ARE READING
ဂန္ထဝင်လက်ရာမြောက်အောင်ထုဆစ်ခြင်း(𝐎𝐧𝐠𝐨𝐢𝐧𝐠)
RomanceAvailable ❗ Unicode & Zawgyi " ယင်းယင်း.. မင်းက ကိုယ့်ဘဝမှာပထမဦးဆုံးပုံဖော်ထုဆစ်နိုင်ခဲ့တဲ့ လက်ရာအမြောက်ဆုံးနဲ့အလှဆုံးသော အနုပညာပဲ " ရှိန်းခေါင်မှိုင်း #Age-Gap