အပိုင်း(၁၇-က)
" သူတို့ရောက်ပါပြီ ဘော့စ် "
လူးဝစ်နှင့်အတူပါလာသော လူငါးယောက်မှာ သူကိုယ်တိုင် နိုအာတို့စံအိမ်တွင် နေရာပေးထားသော လူတွေပင်ဖြစ်၏။
" သူ့ပုံစံက ဘယ်လိုရှိသလဲ "
အခန်းထောင့်တွင်ထိုင်နေသောသူမှာ ဒေး ဒါဝင်မျိုးဆက်တစ်ခုလုံးမှ အားကိုးအားထားပြုရလေသော လူယုံတစ်ယောက်ဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာတွင် ဆရာကျသူတစ်ဦးဖြစ်သည့် ရော့ခ်။
" အမျိုးသမီးတစ်ယောက် အသက်အရွယ်အားဖြင့် ဆရာကတော်ထက် ငယ်မယ်ထင်ရပေမယ့် ရွယ်တူလောက်ပဲဖြစ်ပါမယ် လက်မှာ ဆရာကတော်ဝတ်နေကျ ကျောက်စိမ်းလက်ကောက်ပုံစံမျိုး တစ်ခုကိုဝတ်ထားတယ် သေချာပေါက် ဒီနိုင်ငံသားမဟုတ်ဘူး "
တိတိကျကျပြောသွားသော အမျိုးသား၏ရှေ့တွင် ပုံလေးတစ်ပုံကိုချပြ၏။
" ဒီပုံထဲက အမျိုးသမီးလား "
" သူပါပဲ ဘော့စ် "
" ကောင်းပြီ နောက်တစ်ခါ သတင်းပေးဖို့ပျက်ကွက်ခဲ့ရင် မင်းတို့ကို ငါအရှင်ထားမှာမဟုတ်ဘူးနော် "
" သေချာမှတ်ထားပါ့မယ် ဘော့စ် "
" သွားတော့ "
လူးဝစ်ခေါ်လာသော လူတွေထွက်သွားလေတော့မှ ရော့ခ်မှာ ..
" လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ဖို့လိုအပ်လား "
" စောင့်ကြည့်နေရင် အချိန်ကြာနေမှာပေါ့ အဲ့ဒီ့အမျိုးသမီးက နိုအာဇနီးရဲ့အမြွှာညီအစ်မဖြစ်မယ် သူ့ကိုလွှတ်ထားလို့တော့မဖြစ်ဘူး မဟုတ်ရင် အိမ်တော်တစ်ခုလုံးဗြောင်းဆန်သွားလိမ့်မယ် "
" ကောင်းပြီ ဒါဆိုရင်တော့ ချက်ချင်းပဲစီစဉ်လိုက်တော့မယ် "
" မြန်နိုင်သလောက်မြန်စမ်းကွာ "
ညီဖြစ်သူရဲ့အကြောင်းကို သိနေသော အစ်ကိုတစ်ယောက်အနေနှင့် အခြေအနေတွေဗြောင်းဆန်မလာအောင် ကြိုတင်ကာကွယ်ထိန်းသိမ်းထားရမည်ဆိုတာကို သိ၏။
" သခင်မလေး "
" ဟုတ်ကဲ့ ပြောပါ "
ဖရီယာ့အနားကို မရဲတရဲနှင့်တိုးကပ်လာသော လုံခြုံရေးကောင်လေးမှာ အပေါ်ထပ်ကိုလှမ်းလှမ်းကြည့်လို့နေ၏။
YOU ARE READING
ဂန္ထဝင်လက်ရာမြောက်အောင်ထုဆစ်ခြင်း(𝐎𝐧𝐠𝐨𝐢𝐧𝐠)
RomanceAvailable ❗ Unicode & Zawgyi " ယင်းယင်း.. မင်းက ကိုယ့်ဘဝမှာပထမဦးဆုံးပုံဖော်ထုဆစ်နိုင်ခဲ့တဲ့ လက်ရာအမြောက်ဆုံးနဲ့အလှဆုံးသော အနုပညာပဲ " ရှိန်းခေါင်မှိုင်း #Age-Gap