အပိုင်း(၅)
မနက်ကျောင်းသွားခါနီး ယင်းယင်းကြားလိုက်ရသည့် ငြင်းခုန်သံများကြောင့် ခြေလှမ်းတွေကို အသာလေးရပ်ကာ နားထောင်နေခဲ့လိုက်သည်။
" မင်းသူ့ကို မွေးစားမဲ့ကိစ္စကို ငါလုံးဝသဘောမတူဘူးနော် ရှိန်းခေါင်မှိုင်း...အဲ့လို သတင်းမျိုးစုံထွက်နေတဲ့ကလေးမကို ခဏလက်ခံပေးထားတာပဲ လွန်လှပြီ မင်းဒီ့ထက်ကမ်းတက်မလာနဲ့ "
" မေမေတို့က အကြင်နာတရားခေါင်းပါးလိုက်တာ အခုယင်းယင်းက တစ်ကောင်ကြွက် မိမရှိ၊ဖမရှိနဲ့ တစ်ယောက်တည်းသော မွေးချင်းအမွှာအစ်မကလည်း အခုဆုံးရှာပြီ သူ့ကိုမှမသနားရင် မေမေဘယ်သူ့ကိုသွားသနားမှာလဲ "
ရှိန်းခေါင်မှိုင်းမှာ လေသံပျော့ပျော့ အေးအေးလေးနဲ့သာ ပြောနေပေမယ့် ဒေါသတကြီးဖြစ်နေသည်က မေမေပင်။
" မင်းသူ့ကို သိပ်မွေးစားချင်နေတာဟုတ်လား "
" ဟင်းးး မေမေ့ကို ကျွန်တော်ဘယ်လိုရှင်းပြရပါ့မလဲ "
" အေး မင်းစီစဉ်တဲ့ကိစ္စကို ငါသဘောတူပေးရင် ငါစီစဉ်တာကိုလည်း မင်းသဘောတူကို တူရမယ် ရှိန်းခေါင်မှိုင်း "
လက်ဖက်ရည်တစ်ခွက်ကို အေးဆေးသောက်နေရင်း မေမေ့မျက်နှာကို ငေးကြည့်ကာ..
" ဘာများလဲ မေမေ "
" နှိုင်းမမှီနဲ့မင်းစေ့စပ်ရမယ် "
" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲမေမေရယ် ကျွန်တော်သူ့ကို သဘောမကျဘူးလို့အပြတ်ပြောပြီးသားပဲ ဒီကိစ္စမဟုတ်ဘဲ တခြားကိစ္စတစ်ခုကိုသာ သဘောတူခိုင်းပါလား "
ရှိန်းခေါင်မှိုင်းရဲ့စကားကို မေမေက လုံးဝလက်မခံ။
" ဒါဆိုရှင်းရှင်းလေးပဲလေ ယင်းမိုင်ခမ်းကို မင်းမွေးစားမဲ့ကိစ္စ ငါလုံးဝလုံးဝသဘောမတူပေးနိုင်ဘူး ဒါပဲ "
စိတ်ဆိုး မာန်ဆိုးဖြင့် ထွက်သွားသည့်မေမေ့ကိုကြည့်ရင်း ရှိန်းခေါင်မှိုင်းသက်ပြင်းချမိသည်။
သူဘာဆက်လုပ်ရပါ့မလဲ။ယင်းယင်းဟာ ကြံ့ခိုင်တဲ့မိန်းမငယ်လေးတစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့စိတ်ဓာတ်လေးနဲ့ဆို ဒီထက်ကောင်းမွန်တဲ့ဘဝအခွင့်အလမ်းတွေကို ပိုင်ဆိုင်ဖို့ထိုက်တန်သည်။
ပိုင်ဆိုင်ရစေဖို့အတွက်လည်း အစွမ်းကုန်ပံ့ပိုးပေးချင်မိသည်။
YOU ARE READING
ဂန္ထဝင်လက်ရာမြောက်အောင်ထုဆစ်ခြင်း(𝐎𝐧𝐠𝐨𝐢𝐧𝐠)
RomanceAvailable ❗ Unicode & Zawgyi " ယင်းယင်း.. မင်းက ကိုယ့်ဘဝမှာပထမဦးဆုံးပုံဖော်ထုဆစ်နိုင်ခဲ့တဲ့ လက်ရာအမြောက်ဆုံးနဲ့အလှဆုံးသော အနုပညာပဲ " ရှိန်းခေါင်မှိုင်း #Age-Gap