Episode - 9

641 37 1
                                    

အပိုင်း(၉)

" ယင်းမိုင်ခမ်းရဲ့အုပ်ထိန်းသူလား "

" ဟုတ်ပါတယ်ဆရာမ "

အတန်းပိုင်ဖြစ်သူမှာ ရီပို့ကဒ်ထဲက အမှတ်စာရင်းများကိုသေချာကြည့်ရင်း...

" ကလေးက အိမ်မှာစာမလုပ်ဘူးလား "

" အခန်းထဲမှာ သူ့ဖာသူ ကျက်နေတော့ ကျွန်တော်သိပ်မသိပါဘူး "

" အဖေတစ်ယောက်အနေနဲ့မိခင်လို သေချာစောင့်ကြပ်မပေးနိုင်ဘူးဆိုတာမှန်သင့်သလောက်မှန်ပေမယ့် ကလေးကိုပစ်မထားပါနဲ့ သူအဆင်ပြေရဲ့လား စာလိုက်နိုင်ရဲ့လား မေးပေးပါ နောက်ပြီး ယင်းမိုင်ခမ်းက ကျောင်းမှာဘယ်သူနဲ့မှအဆင်ပြေတာ မဟုတ်ဘူး "

" ခင်ဗျာ "

စောနလေးတင် ကျောင်းခန်းထဲတွင်မြင်လိုက်ရသော အခြေအနေကြောင့် ရှိန်းခေါင်မှိုင်းစိတ်ထဲ ကသိကအောက်ဖြစ်နေသည်မှာ အခုအတန်းပိုင်ဆရာမ၏စကားကြောင့် ပိုလို့ပင်စိတ်ထိခိုက်ရ၏။

" ဟုတ်တယ် ကလေးအချင်းချင်းက ကိုယ်ရေးကိုယ်တာကိစ္စနဲ့ပတ်သတ်ပြီးပြောကြဆိုကြတာမျိုးတွေကို ကျွန်မဘက်က အတတ်နိုင်ဆုံး ဆုံးမပြောဆိုပေမယ့် မရခဲ့ဘူးလေ အဲ့ဒါနဲ့ပဲယင်းမိုင်ခမ်းက ဘယ်သူနဲ့မှမပတ်သတ်ချင်တော့အောင် ခွဲထွက်သွားခဲ့တာ "

ဘယ်လောက်ပဲ ဆက်ဆက်ထိမခံ အကြောတင်းပါတယ်ပြောပြော ဆယ်ကျော်သက်အရွယ်ကလေးတစ်ယောက်အနေနဲ့ ဒါတွေဟာ စိတ်ဒဏ်ရာတွေအဖြစ်ပြောင်းလဲသွားနိုင်တယ်မလား။

ရှိန်းခေါင်မှိုင်းမှာ သက်ပြင်းချရုံမှအပါး မည်သည့်အရာကိုမှမတတ်နိုင်ခဲ့။
‌ကျိန်းသေပေါက်ဆုံးဖြတ်မိတာတစ်ခုကတော့ ယင်းယင်းအတွက် စိတ်ဒဏ်ရာရစေမည့် သိမ်ငယ်စေနိုင်မည့် ရပ်ဝန်းတွေမှာ ဆက်ပြီးမထားတော့ဖို့ပါပဲ။

နေ့တစ်ပိုင်းအချိန်ကို ဆေးရုံလည်းပြန်မသွားနိုင်တော့ဘဲ ကျောင်းရှေ့မှာ တစ်နေ့ခင်းလုံးထိုင်စောင့်နေမိရင်း ခြံကိစ္စကိုစုံစမ်းနေမိသည်။

" ဟယ်လို ကိုဖြိုးမင်းလား "

" တိုက်တိုက်ဆိုင်ဆိုင် ခေါင်မှိုင်းရာ ငါတောင်မင်းဆီ အခုပဲဖုန်းဆက်တော့မလို့ကွ "

ဂန္ထဝင်လက်ရာမြောက်အောင်ထုဆစ်ခြင်း(𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now