အပိုင်း(၁၅-ခ)
" ဘာလို့ငိုနေတာလဲ "
အိပ်ခန်းအတွင်းသို့ဝင်လာသည့် နိုအာမှာ ကုတင်စွန်းတွင်ထိုင်ငိုနေလေသော ဖရီယာအား အသာဖက်တွယ်ထားရင်းမေးလေ၏။
" အဖိုးက ကိုယ့်ဇနီးလေး ဝမ်းနည်းအောင်ဘာတွေပြောလိုက်လို့လဲ "
" ... "
" မေးတာဖြေလေ "
" အဖိုးက ကလေးယူဖို့အတင်းတိုက်တွန်းနေတယ် "
" ကျစ်! အဖိုးကြီးကတော့ ကိုယ့်ဇနီးလေးကို အာရုံလာစားနေတာပဲ အဲ့တော့ သူ့ကိုဘာပြန်ပြောလိုက်လဲ မယူဘူးလို့ မပြောလိုက်ဘူးလား "
နိုအာရဲ့အမေးကို ဖရီယာက ခေါင်းခါပြရင်းဆက်ငိုလို့နေသည်။
" မပြောရဲလို့လား ရတယ်လေ ကိုယ်သွားပြောပေးမှာပေါ့အချစ်ရယ် မငိုနဲ့တော့ တိတ် နောက်ပြီးခြိမ်းခြောက်တာတို့ဘာတို့ လုပ်သေးလား "
" သူက ကျွန်မကို မြုံနေတယ်လို့ထင်နေသလားမသိဘူး ကလေးမမွေးပေးနိုင်ရင်... "
" ဘာဖြစ်လဲ သူဘာထပ်ပြောလဲ "
" လာရာလမ်းအတိုင်းပြန်ပို့မယ်တဲ့ ကျွန်မကို ရေနှစ်သတ်မယ်လို့ပြောတယ် "
" ကိုယ်မလိုချင်လို့ မယူတာပါလို့ မပြောလိုက်ဘူးလား နေပါတော့ ကိုယ့်ဖာသာပဲသွားပြောလိုက်မယ် ဇနီးလေးက မငိုတော့နဲ့ အခုကိုယ့်အတွက် တစ်ခုခုသွားချက်ပေး ဗိုက်ဆာလှပြီ "
ခေါင်းလေးကို မပီမပြင်ညိမ့်ပြသူ၏ပါးနှစ်ဖက်အား ဘယ်ပြန်၊ညာပြန်ဖက်နမ်းပစ်လိုက်ရင်း ဘယ်ဘက်နားရွက်ဖျားလေးကိုတော့ သွားဖြင့် တတိတိကိုက်ပစ်မိ၏။
" ကလေးမရှိတာဘယ်လောက်ကောင်းသလဲ ဇနီးလေးရဲ့အပြုအစု၊အယုအယတိုင်းကို ကိုယ်တစ်ယောက်ထဲပဲရနိုင်တယ်လေ နောက်ပြီး ကိုယ် ကလေးမချစ်တတ်ဘူး သူတို့က တအားဆူညံတယ် "
" ဖယ်ပါအုံး "
" ကိုယ့်အတွက်ဘယ်တော့မှ ကလေးမွေးပေးဖို့မလိုဘူး သူတို့ကိုချစ်လဲမချစ်ဘူး အဲ့တော့ဘယ်တော့မှကလေးယူဖို့မစဉ်းစားနဲ့ ဟုတ်ပြီလား "
YOU ARE READING
ဂန္ထဝင်လက်ရာမြောက်အောင်ထုဆစ်ခြင်း(𝐎𝐧𝐠𝐨𝐢𝐧𝐠)
RomanceAvailable ❗ Unicode & Zawgyi " ယင်းယင်း.. မင်းက ကိုယ့်ဘဝမှာပထမဦးဆုံးပုံဖော်ထုဆစ်နိုင်ခဲ့တဲ့ လက်ရာအမြောက်ဆုံးနဲ့အလှဆုံးသော အနုပညာပဲ " ရှိန်းခေါင်မှိုင်း #Age-Gap