Episode - 10

704 36 5
                                    

အပိုင်း(၁၀)

ဧည့်ခန်းထဲ ရှေ့လျှောက်လိုက်၊နောက်လျှောက်လိုက်နဲ့ ယင်းမိုင်ခမ်းအလာကိုစောင့်နေစဉ် vibrateလုပ်ထားသည့်ဖုန်းလေးဟာ စားပွဲထက်တွင် အဆက်မပြတ်တုန်ခါလာလေသည်။

ဖုန်းကိုကောက်ကိုင်ကာ ခေါ်ဆိုသူအမည်ကိုကြည့်မိလေတော့.. နှိုင်းမမှီ..။

" ဟယ်လို "

" ဟယ်လို ကိုရှိန်းအားရဲ့လား မှီ စကားနည်းနည်းပြောစရာရှိလို့ပါ "

နှိုင်းမမှီဟာ အဘက်ဘက်က ပြည့်စုံသည့်အပြင် လူမှုရေး၊လူ့ယဉ်ကျေးမှုအကြောင်းကို သေချာလေးလိုက်နာကျင့်သုံးခဲ့ပုံပေါ်ပါသည်။
ဖုန်းပြောဖြစ်ကြတိုင်း သူမ အရင်ဆုံးမေးတတ်တဲ့စကားဟာ ခွင့်တောင်းခြင်းစကားပါပဲ။

" အင်း ကိုယ်အားပါတယ် "

ရှိန်းခေါင်မှိုင်းပြန်ဖြေလိုက်ပေမယ့် တစ်ဖက်က တော်တော်နဲ့ စကားစပြောမလာ။
အတန်ကြာလေတော့မှ...

" မနက်ဖြန်ရော အားလား "

" မနက်ပိုင်းတော့အားမယ်ထင်တယ် "

" ဒါဆို အရင်တွေ့နေကျ ကြေးအိုးဆိုင်မှာပဲ တွေ့ကြရအောင် မှီ့မှာ ကိုရှိန်းကိုပြောစရာစကားတွေရှိတယ် "

" ကောင်းပါပြီ ကိုယ်လာခဲ့ပါ့မယ် "

" ဟုတ်ကဲ့ ဒါဆို မှီ ဖုန်းချလိုက်တော့မယ် ကောင်းသောညလေးဖြစ်ပါစေနော် "

" ဖြစ်ပါစေ "

ကျသွားသည့်ဖုန်းကိုအတန်ကြာ ကြောင်ငေးကြည့်နေရင်း ဧည့်ခန်းရဲ့ဝင်ပေါက်ဆီ မျှော်ကြည့်လိုက်မိလေတော့ တံခါးနားတွင် မတ်တပ်ရပ်နေသူကို မြင်လိုက်ရသည်။

" ယင်းယင်း! "

" ဘာမှမကြားလိုက်ပါဘူးနော် ယင်းယင်း အခုမှရောက်တာ "

" ဒီကိုလာခဲ့ "

Pajamas အနက်လေးဟာ ယင်းမိုင်ခမ်း၏ဖွေးစွတ်နေသော အသားအရည်နှင့်ပိုပြီးပနံတင့် လိုက်ဖက်နေလေသည်။

ဆိုဖာခုံလေးမှာ ကျုံ့ကျုံ့လေးထိုင်နေသူမှာ ဒီညနေမှ ပိုပြီးအနေအေးနေသလို။

" လက်ဖြန့် "

လက်ဖြန့်လိုပြောလိုက်လေတော့လည်း တခွန်းပြန်မမေးဘဲ လက်ဖြန့်လာသူ၏လက်ချောင်းများဟာ ရှည်လျားသွယ်လျနေပြီး အနာပညာသည်၊သဘင်သည်လက်ချောင်းလေးများအလား။

ဂန္ထဝင်လက်ရာမြောက်အောင်ထုဆစ်ခြင်း(𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now