အပိုင်း(၁၃-က)
လေဆိပ်အထိ လိုက်ပို့ပေးသည့် ဦးရှိန်းကို လက်ပြနှုတ်ဆက်ရင်း ဒုတိယအကြိမ်မြောက်လန်ဒန်ခရီးစဉ်ကို စတင်လာခဲ့လိုက်သည်။
အကောင်းဆုံးတွေနှင့်သာ နေထိုင်စေခဲ့သည့် ဦးရှိန်းကြောင့်ပဲ ယင်းယင်းဟာ အနည်းငယ် ကြီးကျယ်လာခဲ့ပေမယ့် တော်တော်ဆိုးဆိုးဘဝင်မြင့်နေတာမျိုးတော့မဟုတ်။
အခုလည်း ထုတ်လုပ်သူစီစဉ်ပေးသည့် ဟိုတယ်ခန်းအား စိတ်ထဲသဘောမကျသလိုဖြစ်နေတာကြောင့် အဆင့်မြင့်ဟိုတယ်တွင် အနားယူဖို့ဆုံးဖြတ်မိခဲ့လေသည်။
" ယင်းယင်း "
" မသင်ဇာ ပြောစရာရှိလို့လား "
ယင်းမိုင်ခမ်းမှာ သူမ၏ဆံပင်ရှည်တွေအား စနစ်တကျဖြီးသင်နေရင်း မန်နေဂျာဖြစ်သူ မသင်ဇာပြောလာမည့်စကားတွေကို အသာနားစွင့်နေလိုက်သည်။
" အစ်မပြောဖို့မေ့နေတာနဲ့ပဲ တစ်ပတ်တောင်ကျော်လာခဲ့ပြီ "
" ဘာများတုန်း မသင်ဇာရဲ့ အရေးမကြီးရင်တော့ မပြောပါနဲ့တော့ ခဏနေ ဦးရှိန်းနဲ့ဖုန်းပြောတော့မလို့လေ "
" အဲ့တာက အရေးကြီးလား မကြီးဘူးလားတော့ အစ်မလည်းမပြောတတ်ဘူး ရော့ ဒါလေးကိုကြည့်ကြည့် "
မသင်ဇာလာပေးသည့် လက်ဆောင်ဘူးလေးကို သေချာကြည့်နေတုန်းရှိသေး ဖုန်းဝင်လာတာကြောင့် မှန်တင်ခုံပေါ် ထိုဘူးလေးအား တင်ကာ ဝရံတာဘက်ထွက်လာလိုက်သည်။
" ဦးရှိန်း... "
ပုံမှန်အသံထက် ပိုပြီးချွဲပစ်ကာ ခေါ်လိုက်လေလျှင် ဦးရှိန်းမှာ ခပ်ဟဟရယ်လေသည်။" အသံက ဘယ်လိုဖြစ်ရတာလဲ ယင်းယင်း "
" ဦးရှိန်းဘယ်တော့လိုက်လာမှာလဲဟင် ယင်းယင်း လွမ်းနေပြီ "
" အဟားးဟားး အချွဲလေး တစ်ခုခုစားပြီးပြီလား "
" ဟွန့် ယင်းယင်း မေးနေတာမဖြေဘဲနဲ့ ဘာတွေပြောနေတာလဲ "
ပုံမှန်လဲ ချွဲနေကျဖြစ်ပေမယ့် ယခုမှ ပိုပြီးကဲသဲနေသလား အောက်မေ့ရလေအောင် ယင်းယင်းဟာ တကယ်ကို ချွဲလွန်းလှသည်။
YOU ARE READING
ဂန္ထဝင်လက်ရာမြောက်အောင်ထုဆစ်ခြင်း(𝐎𝐧𝐠𝐨𝐢𝐧𝐠)
RomanceAvailable ❗ Unicode & Zawgyi " ယင်းယင်း.. မင်းက ကိုယ့်ဘဝမှာပထမဦးဆုံးပုံဖော်ထုဆစ်နိုင်ခဲ့တဲ့ လက်ရာအမြောက်ဆုံးနဲ့အလှဆုံးသော အနုပညာပဲ " ရှိန်းခေါင်မှိုင်း #Age-Gap