intro

100K 1.9K 27
                                    

Unicode

မူးနောက်နောက် ခေါင်းကို အသာခါကာမျက်လုံးဖွင့်လိုက်တော့ မရင်းနှီးသည့် မျက်နှာကျက်အဖြူရောင်ကို တွေ့လိုက်ရသည်။

'ကြိုဆိုပါတယ် Host တာဝန်တွေကို ထမ်းဆောင်ပြီး အကောင်းဆုံး လုပ်မယ်လို့ မျှော်လင့်ပါတယ်'

"ဟမ် ဘာကြီး ဘာ Host"

'ခင်ဗျားက Host ကျွန်တော်က system ဟုတ်ပြီလား ၊ အဲ့တော့ မှောင်ခို system မလို့ အချက်အလက် အနည်းငယ်ပဲ သိရလိမ့်မယ် ၊ ခင်ဗျားက ဘယ်သူလဲ ကျွန်တော်လဲမသိဘူး အထက်ကတာဝန်ပေးလို့ လာပြောတာ ဒီကမ္ဘာက ‌ဗီလိန် Alpha နဲ့ ပျော်ရွှင်စွာနေပါ'

"နေပါဦး ဘာတွေပြောနေတာလဲ ၊ အခုက ငါက အခြားလူရဲ့ ကိုယ်ထဲ ရောက်လာတယ်ဆိုတဲ့ သဘောလား"

'ဟုတ်တယ် ၊ Hostနာမည် သက်ပုံခြယ် ၊ ဗီလိန် alphaနဲ့ လက်ထပ်ထားတဲ့ beta ကောင်လေးတစ်ယောက် ၊ Hostက အဲ့ ဗီလိန်ကို လိုချင်လွန်းလို့ Omegaယောင်‌ဆောင်ပြီး လက်ထပ်ထားတာ Host တို့က ဘာဆို ဘာမှကို မဖြစ်ကြသေးတာ'

"ငါ ကွာရှင်းလို့ရလားဟင် ၊ ယောကျာ်းချင်းကြီးလေ"

'ကွာပေါ့ ၊ အဲ့ ဗီလိန်နားမှာနေမှ Host အသက်ဓာတ်ရမှာ ၊ သေချင်ရင် ဝေးဝေးနေပေါ့ ၊ တစ်ခုတော့ရှိတယ် အသက်ဓာတ်အတွက် ၂နှစ်ပဲ အနားမှာနေရမှာ ပြီးရင် Host လွတ်လပ်ပြီ'

"ဖြစ်လာမှတော့ ရင်ဆိုင်ရုံပေါ့ အခုက ငါတို့ လက်ထပ်ပြီးပြီလား"

'နှစ်လကြာပြီ ၊ ခဏအကြာ Host ယောကျာ်း ပြန်လာတော့မှာမလို့ မြန်မြန် Omega အနံ့ရေမွှေးဆွတ်ဖို့ သတိရပါ'

"မင်းကို ဘယ်လို ခေါ်ရမလဲ"

'system 433 , catt လို့ခေါ်ရတယ်'

ဤသို့နှင့် သက်ပုံခြယ်တစ်ယောက် ဗီလိန်ဖြစ်သည့် ဟန်ငြိမ်းကို ထံသို့ အကြောင်းအမျိုးမျိုးဖြင့် ချဉ်းကပ်လေ၏။
____________________
ဒါလေးကတော့ system ပုံစံကကိုမှ omegaverse ပုံစံသွားရအောင်။ arc တွေနဲ့မဟုတ်ပဲ ဒီတိုင်း ကမ္ဘာတစ်ခုထဲ။အများအားဖြင့် alpha × Omega ပဲရေးကြတာ alpha × beta ရေးတာနည်းလို့ ကိုယ်တိုင်လဲ အဲ့လိုလေး သဘောကျလို့ ရေးကြည့်တာပါဗျ။

ALPHA :MY HUSBAND Where stories live. Discover now