22

24.5K 1K 96
                                    

Unicode

"ဆရာ"

"ဝင်လာခဲ့"

ခွင့်ပြုချက်ရသည်နှင့် ကောင်းမြတ်ထူး ရုံးခန်း တံခါးဖွင့်ကာ ဝင်လာလိုက်သည်။

"‌သခင်လေးကို စောင့်ကြည့်နေတဲ့လူတွေဆီက သတင်းရလာပါတယ် ဆရာ"

"ဘာတဲ့လဲ"

သက်ပုံခြယ်၏ သတင်းဆိုတာကြောင့် လက်မှတ်ထိုးနေသည့် စာရင်းတွေမှ အကြည့်လွှဲကာ ကောင်းမြတ်ထူးကို မော့ကြည့်၍ မေးလိုက်မိသည်။

"သခင်လေးက 7နာရီ သင်္ဘောနဲ့ ဒီမြို့ကို ပြန်လာပြီး ပိတ်ထားတဲ့ စတော်ဘယ်ရီဆိုင်ထဲ ဝင်သွားပါတယ်တဲ့"

"နောက်တော့ရော"

"နောက်တော့ ၊ နောက်တော့ မသိတော့ဘူး ဆရာ ၊ အခုမှ ဝင်သွားတာတဲ့"

နောက်တော့ရော ဆိုသည့် ဆရာ့အမေးကြောင့် ကောင်းမြတ်ထူး ဘယ်လိုဖြေရမလဲမသိတော့။ ဆိုင်ထဲ လိုက်ဝင်ပြီး ဘာလုပ်လဲ ကြည့်ခိုင်းရမှာလား ဆရာသမားရေ။

"အဲ့ ဆိုင်ရဲ့ မျက်နှာချင်းဆိုင်က တိုက်ခန်းတစ်ခန်းကို ရအောင်ဝယ်လာခဲ့"

"ဒါက အရမ်းခက်တယ်ဆရာ ၊ တိုက်ခန်းကတော့ရပေမဲ့ ဆိုင်နဲ့ မျက်နှာချင်းဆိုင် အခန်းရပါ့မလား မသိဘူး"

ကောင်းမြတ်ထူး ဖြေပြီးသည်နှင့် ကျောထဲ စိမ့်သွားရသည်။ မရလို့ မရလောက်ဘူးပြောတာကို ငါတို့ ဆရာက ဘာလို့ ဒေါသထွက်နေရတာလဲ။

"အဟမ်း ကျွန်တော်အခုပဲ မရမက သွားဝယ်လိုက်ပါ့မယ်"

"သန့်ရှင်းရေးပါ တစ်ခါတည်း လုပ်လာခဲ့"

"ဟုတ်ကဲ့"

"နေဦး"

"ဟုတ်"

"မယ်ရီ့ကို သက်ပုံခြယ် အနား လွှတ်လိုက်"

နားလည်လားဆိုသည့် သဘောမျိုးဖြင့် ကြည့်လာတဲ့ဆရာကြောင့် ကောင်းမြတ်ထူး အသည်းအသန် စဉ်းစားလိုက်ကာ

"ဟုတ်ကဲ့ နားလည်ပါတယ် ဆရာ"

ဆရာက သူ့ဟာလေး ပင်ပန်းမှာဆိုလို့ လူလွှတ်ခိုင်းနေတာ။ မယ်ရီရေ နင်ကတော့ အခုက စပြီး တောက်တိုမယ်ရ မယ်ရီ ဖြစ်ပြီ။ စနိုက်ဘာကိုင်ထားတဲ့ လက်တွေ ထမင်း ၊ ဟင်း ပြောင်းချက်ရတော့မယ်ဟေ့။

ALPHA :MY HUSBAND Where stories live. Discover now