21

19.5K 832 61
                                    

Unicode

"ကိုယ့် baby က တော်လိုက်တာ"

အနောက်ကနေ ရုတ်တရက်ကြီး ရောက်ချလာတဲ့လူကြောင့် ယိမ်းမှာ လန့်ဖြန့်သွားကာ ထ ခုန်မိမတတ်ပင်။

"ခင်...ခင်ဗျား"

"Daddy ပါ ဆိုကွာ"

"လွှတ်!"

"အပြင်ထွက်ချင်တာလား"

"ဘယ်သူက အိမ်ထဲမှာ ပိတ်လှောင်ခံထားချင်မှာလဲ"

"အဟင်း"

ယိမ်းကို သူ့ဘက်ဆွဲလှည့်ပြီး နှုတ်ခမ်းတွန့်ရုံမျှ ပြုံးပြလာပြီး ကားဂိုထောင်၏ ထောင့်နား ၊ အိမ်နှင့် ဂိုထောင်ကြားရှိနေသည့် နေရာလွတ်လမ်းလေးဆီ မျက်နှာမူပေးလေသည်။

"ခင်ဗျား ဘာလုပ်..."

"ရှူး......"

ယိမ်းအနောက်ကနေ ကပ်ကာ ဘက်ဘယ်ပခုံးကိုလက်တစ်ဖက်ဖြင့် ဖိကိုင်ထားပြီး ညာဘက်လက်ဖြင့် သူ့နှုတ်ခမ်းပေါ် လက်ညှိုးတစ်ချောင်းထောင်၍ ယိမ်းပါးနားအထိ ခေါင်းငုတ်လာကာ တိတ်တိတ်နေရန် ပြောလေသည်။

"ထွက်လာခဲ့"

ချက်ခြင်းဆိုသလို သေနတ်ဖြင့် အချိန်ခံထားရသည့် လူနှစ်ယောက်နှင့် ထိုလူတွေအနောက်မှာ သေနတ်ချိန်ထားသည့် လူနှစ်ယောက် ယိမ်းအရှေ့တည့်တည့် ၃ မီတာ လောက်အကွာမှာ မျက်နှာချင်းဆိုင်လာရပ်လေသည်။

ထိုလူတွေရဲ့ မျက်နှာဟာ သေရမှာသိလို့ ကြောက်ရွံ့နေသည့် ပုံစံတွေဖြင့် ယိမ်းကို ကြည့်နေတာကြောင့် ယိမ်းကိုယ်ဟာ တဆတ်ဆတ်တုန်ရီလာရသည်။

ဦးဝနက ဒီလူတွေကို သတ်မလို့လား။

"သူတို့ ဘာအပြစ်လုပ်ထားလဲ baby သိလား"

"......."

ယိမ်း အင်္ကျီ အောက်နားစကိုပဲ ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး ဘာစကားမှမပြောမိ။

တကယ်ဆို ယိမ်းကြောက်နေတာ။

"သူတို့ကို ဒီနေရာကို စောင့်ခိုင်းထားရဲ့နဲ့ အိမ်ထဲဝင်နေတာကြောင့် သေရတော့မှာ ၊ ပြောရရင် baby ထွက်ပြေးလို့ သေရတော့မှာ"

"ဟင့်အင်း''

"Baby ဘာပြောချင်တာလဲ"

"မသတ်ပါနဲ့ ၊ ယိမ်း ကြောင့် လူတွေ မသတ်ပါနဲ့"

ALPHA :MY HUSBAND Where stories live. Discover now