Unicode { 18+ }
"တုတု ခေါက်ဆွဲကြော်စားချင်တယ်"
"ကိုကို မှာပေးမယ်နော် ခဏစောင့်"
သက်ပုံခြယ်နှင့် ဟန်ရှင်းရတု ပြောသံမှာ အိပ်ခန်းကို ပတ်ကြည့်နေသည့် ဟန် က အတိုင်းသားကြားနေရသည်။
ခေါက်ဆွဲကြော်တာလောက်ကတော့ ဟန်လည်း ကြော်တတ်တာမလို့
"ကောင်းမြတ်ထူးကို လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်လာခိုင်းထားတယ် ၊ ကိုယ် ကြော်ကျွေးမယ်"
"ခင်ဗျား ကြော်တတ်တယ်လား"
"အင်း ၊ ကောင်းကောင်းကြော်တတ်တယ်"
"ဟုတ်တယ် ၊ လေးလေး ခေါက်ဆွဲကြော်တာ စားလို့ကောင်းတယ်"
တကယ်တော့ တုတု တစ်ခါမှမစားဖူးပါဘူး။ကြော်တာလည်း မတွေ့ဖူးပါ။ဒါပေမဲ့ ကိုကို့ ကိုကြည့်ရတာ လေးလေးကို စိတ်ဆိုးနေတဲ့ ပုံစံမလို့ တုတုက ပေါင်းကူးတံတားလေးလို လိမ်လိမ်မာမာလေး လေးလေးရဲ့ စကားကို ထောက်ခံပေးလိုက်တာပင်။
ဟန်ရှင်းရတုကပါ ထောက်ခံနေတာမလို့ သက်ပုံ မယုံသလို ဖြစ်နေသည့် စိတ်ကို ပြန်ရုတ်သိမ်းကာ ဟန်ငြိမ်းကို ကို ယုံကြည်ဖို့ ဆုံးဖြတ်လိုက်သည်။
ခဏ အကြာ
ခေါက်ဆွဲနှင့်အတူ ကြက်သားပါဝယ်လာပြီး အသီးအရွက်အချို့ပါ ဝယ်လာသည့် ကောင်းမြတ်ထူးကိုတွေ့ရလေသည်။ ကောင်းမြတ်ထူးနှင့် ဟန်ငြိမ်းကို နှစ်ယောက်လုံး မီးဖိုခန်းထဲ ဝင်သွားပြီး ချက်ပြုတ်နေကြသည်။
ဆိုင်ကနေတွဲရက်ပါတာမလို့ မီးဖိုခန်းသေးသေးလေးဟာ အရပ်ရှည်ရှည် ၊ သန်သန်မာမာ လူနှစ်ယောက်ဝင်သွားသော အခါ ပြည့်သိပ်နေပြီး ရှုပ်ယှက် ခတ်နေလေသည်။
"ခင်ဗျား ကြက်သားကို ကျက်အောင်ပြုတ်နော်"
"ကိုယ်သိတယ် ဘေဘီ"
သိပ်မကြာလိုက် မီးဖိုခန်းထဲမှ ဓားခုတ်သံတွေရပ်သွားပြီး ကောင်းမြတ်ထူးက အပြင်ထွက်လာကာ မျက်နှာမှာလည်း ချွေးအပြည့်နှင့်။
"ကျွန်တော် အပြင်သွားလိုက်ဦးမယ် ၊ ခဏပဲ ပြန်လာမယ် သိလား"
"သွားလေ"

YOU ARE READING
ALPHA :MY HUSBAND
Fantasíaငါနိုးလာတော့ ဗီလိန်ရဲ့ ယောကျာ်းဖြစ်နေပြီတဲ့!!! ဟန်ငြိမ်းကို + သက်ပုံခြယ် ဦးဝနထွဋ်ခေါင် + ဟန်ယိမ်းစေ 📌 photo from Pinterest