Unicode
ကျွန်းစုပြန်ရောက်သည်နှင့် နို့ဘယ်ဆီက အထင်သေးသလိုအကြည့်ခံရသော်လည်း မေမေရှိတာကြောင့် ဘာမှတော့ မပြောလာခဲ့။
'ပူစီ အခု ငါကျွန်းစုရောက်နေပြီ မင်းဘယ်နားမှာလဲ'
System [ မင်း ကျွန်းစုကို ဘာလို့ပြန်လာတာလဲ ]
'ငါ့ကို ကိုကိုက ကွာရှင်းလိုက်ပြီကွ အီးဟီး'
အစပြန်ဖော်တဲ့ ကြောင်စုတ်ကြောင့် ဝမ်းနည်ကာ မျက်ရည်တွေကျရပြန်သည်။
ယခင်က ကိုယ်ကကွာရှင်းပါမယ်ပြောရင်တောင် သူက နိုး ဟု ပြောခဲ့သောသူသည် ယခုတော့ သက်ပုံကို ကွာရှင်းလာခဲ့ပြီ။
အိမ်ထောင်သက်တမ်း တစ်နှစ်ဆိုသည့် အချိန်သည် တကယ် ခဏလေးပင်။
အခုတော့ ကိုယ်က ခံစားချက်ရှိနေတောင် သူ့ဘက်က အသစ်တွေ့သွားပြီမလို့ လက်ခံမှာမဟုတ်တော့။
ဟန်ငြိမ်းကို အရမ်းရက်စက်သည်။သူ့အချစ်ကို နည်းနည်းလေးမှ အသိအမှတ်မပြုခဲ့။
System [ ဘယ်လိုဖြစ်ရတာလဲ ၊ ငါခဏလေးပဲ အထက်က ခေါ်လို့ သွားလိုက်တာကို ]
'မသိဘူး ညဘက်က အကောင်းကြီး ၊ မနက်မှ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးခိုင်းတာ'
System [ ဟာ ဒါဆို ငါက မင်း mission မအောင်တော့ ကြောင်အိုကြီးဖြစ်တဲ့အထိ ဒီမှာနေရတော့မှာပေါ့ကွ ]
'ငါလည်း သူနဲ့မနေချင်ဘူးလို့ မင်းထင်နေတာလား ၊ သူကမှ ငါနဲ့မနေချင်တာ အဲ့လူအရမ်းမုန်းစရာကောင်းတယ် အဟင့်'
System [ တကယ်မုန်းနိုင်တာလဲ မဟုတ်ပဲ ]
'တကယ်မုန်းတော့မှာ'
System [ ပြောတော့လည်း မင်းပါပဲ ]
'ဒီတစ်ခါအတည်ကွ'
System [ အေးပါ ၊ အေးပါ ၊ ငါခဏနေ မင်းအိမ်ကိုပြန်လာမယ် ]
'လာခဲ့ ၊ ငါလည်း လီလီနိုင်းအခြေနေအရမ်းသိချင်နေပြီ'
ပူစီက ဘာမှမပြောပဲ အသံတိတ်သွားလေသည်။
သက်ပုံလည်း စိတ်ထဲမထားပဲ ကျွန်းစုမှာ သူဘာလုပ်စားရင်ကောင်းမလဲတွေးနေမိသည်။နောက်ဆုံးမှာတော့ အိမ်မှာပဲနေကာ မေမေ့ကို ကူတာပဲ ကောင်းမည်ဟုတွေးလိုက်သည်။
___________
ဟန် အိမ်ပြန်ရောင်တော့ ညအတော်နက်နေလေသည်။ လက်နက်တွေလည်း သေချာစစ်ကာ နေရာချပေးလိုက်သည်မလို့ လက်မှ သေနတ်ဒဏ်ရာအား ဂရုမစိုက်အားခဲ့။
YOU ARE READING
ALPHA :MY HUSBAND
Fantasyငါနိုးလာတော့ ဗီလိန်ရဲ့ ယောကျာ်းဖြစ်နေပြီတဲ့!!! ဟန်ငြိမ်းကို + သက်ပုံခြယ် ဦးဝနထွဋ်ခေါင် + ဟန်ယိမ်းစေ 📌 photo from Pinterest