Unicode
System { Host သိလား ကျွန်တော် လီလီနိုင်းရဲ့ ပေါင်ပေါ်မှာ မုန့်စားနေတာ အရသာရှိချက် }
'ငါမှာတော့ သတိရလိုက်တာ ၊ မင်းကတော့ လီလီနိုင်းဆီမှာ ဇိမ်ကျနေတယ်ပေါ့ သောက်ပူစီကောင်'
System { ပူစီလို့မခေါ်နဲ့ ၊ လီလီနိုင်းရဲ့ချစ်စရာကြောင်ပေါက်လေးလို့ခေါ် }
'ထွီ ၊ ရွံစရာ'
System { မနာလိုနေတာလား ၊ မင်းမှာလည်း ဟန်ငြိမ်းကို ရှိတယ်နော် }
'တော်စမ်းပါ ၊ အဲ့ alpha အကြောင်းမပြောနဲ့'
ဟိုနေ့က အရှက်ကွဲခဲ့တာကြောင့် အဲ့ alpha ကောင်ရဲ့ နာမည်ဆို ကြားကိုမကြားချင်တာပင်။ အသက်ဓာတ်က သူကိုင်လိုက်တဲ့ ပစ္စည်းကနေလည်း ရတာမလို့ သက်ပုံအတွက် အသက်ဓာတ်ရဖို့က မခက်ခဲပေ။
၂နှစ်ပြည့်ရင် ကွာရှင်းပြစ်မယ် alpha စုတ်။
ဒီနေ့ သက်ပုံ နေမကောင်းချင်ဖြစ်နေတာကြောင့် ဆိုင်ကိုမသွားပဲ ပူစီနဲ့လီလီနိုင်းကိုပဲ ဆိုင်မှာ သွားကူခိုင်းလိုက်သည်။
နေမကောင်းတာက အရမ်းမဖြစ်တာမလို့ အိပ်ရာထဲမှာ နှပ်လိုက် ဝတ္ထုဖတ်လိုက်နှင့် အချိန်ကုန်နေ၏။
တီရှပ် အနက်ရောင်နှင့် အသားရောင် ချည်သားဘောင်ဘီ ပေါင်လယ် လောက်ကို တွဲဝတ်ထားပြီး အေးအေးလူလူ ဝတ္ထုထိုင်ဖတ်နေလိုက်၏။
အပျင်းကျတယ်ဆိုတာ နာမည်သာဆိုးတာ သိပ်ဇိမ်ရှိတာပဲ အဟိ။
ဝတ္ထုထဲ အာရုံရောက်နေတုန်း အနားက ဖုန်း မြည်လာ၍ ကြည့်လိုက်တော့ မားမားယံ ဆီက ဆက်တာပင်။
"နေမကောင်းတာ ဘယ်လိုလဲ သက်သာလား"
"သက်သာတယ်"
"တကယ်နေမကောင်းတာလား ပျင်းနေတာလား ပြောပါဦး သားလေး"
"တကယ်နေမကောင်းတာပါနော်"
"အဲ့အတိုင်း နေမကောင်း ဆယ်ရက်လောက်ဖြစ်လိုက်ပါ့လား ၊ လီလီနိုင်းက သိပ်အားကိုးရတယ်"
"လီလီနိုင်း ကို အပိုင်လိုချင်ရင် ဟန်ငြိမ်းကိုဆီတောင်းလေ"
YOU ARE READING
ALPHA :MY HUSBAND
Fantasyငါနိုးလာတော့ ဗီလိန်ရဲ့ ယောကျာ်းဖြစ်နေပြီတဲ့!!! ဟန်ငြိမ်းကို + သက်ပုံခြယ် ဦးဝနထွဋ်ခေါင် + ဟန်ယိမ်းစေ 📌 photo from Pinterest