24

24.6K 1K 51
                                    

Unicode

မနက်ခင်းအချိန်သည် သာယာနေသော်လည်း ကားလမ်းဘေးရှိ စတော်ဘယ်ရီဆိုင်လေးတွင်တော့ သာယာသည့် လေထုမရှိပေ။

စတော်ဘယ်ရီဆိုင်ရှေ့တွင် suit ဖြင့် သန့်သန့်ပြန့်ပြန်လူတစ်ယောက်မှာ ဆိုင်ရှင်၏ ဒေါသတကြီး တွန်းထုတ်ခြင်းကို ခံရပြီး ဆိုင်အပြင်သို့ တွန်းထုတ်ခံရလေသည်။

မယ်ရီ့မှာ ကြားကနေ ဘာလုပ်ပေးရမလဲမသိ ဗျာများနေမိသည်။ သခင်လေးပြောသလို ဆရာ့ကို ဆိုင်ထဲမဝင်အောင် တားရမလား လူသတ်တော့မလို မီးဝင်းဝင်းတောက်အကြည့်ဖြင့်ကြည့်နေသည့် ဆရာ့ကိုပဲ ဆိုင်ထဲ အဝင်ခံရမလား ဘာလုပ်ရမလဲမသိပေ။

နောက်ဆုံးတော့ ဆရာ့ အကြည့်တွေကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး သခင်လေး စကားပဲနားထောင်ကာ ဆိုင်တံခါးကို ပိတ်ပြစ်လိုက်သည်။

"ဘေဘီ ကိုယ့်ကို ဝင်ခွင့်ပေး ၊ မဟုတ်ရင် ဆိုင်တံခါး ချိုးဖျက်လာမှာနော် ၊ ဘေဘီ့ ဝန်ထမ်းက ကိုယ့်ကို မတားနိုင်ဘူး"

"ခင်ဗျား ဝင်မလာနဲ့နော် ၊ ခင်ဗျားနဲ့ ကျွန်တော် ဘာမှပတ်သက်မှုမရှိဘူး"

"ရှိတယ်လို့ ကိုယ်ပြောနေတယ်လေ ၊ အခုချက်ခြင်း တံခါးဖွင့်"

"မဖွင့်နိုင်ဘူး"

နှစ်ယောက်သား အကြည့်ချင်းပြိုင်ကာ တံခါးတစ်ဖက်စီရဲ့ လက်ကိုင် တွေကို ဆွဲထားကြလေသည်။

ဆရာနဲ့သခင်လေးကို ကြည့်ပြီး မယ်ရီ့မှာ ဘာလုပ်ရမလဲမသိပေ။နောက်ဆုံး ကောင်းမြတ်ထူးကို အမြန်လာဖို့သာ ဖုန်းဆက်ခေါ်လိုက်ရသည်။ မဟုတ်လျှင် ဒီနှစ်ယောက်ကြား ညပ်နေတာ ထွက်ရမှာမဟုတ်တော့။

"သခင်လေး တံခါးဖွင့်ပါဗျ ၊ တကယ်တော့ သခင်လေးနဲ့ဆရာက ပတ်သက်မှုရှိနေပါသေးတယ်"

သိပ်မကြာလိုက်ပေ ကောင်းမြတ်ထူးရောက်လာပြီး ကြားဝင်ဖြေရှင်းပြလေသည်။

"ကျွန်တော်တို့ကွာရှင်းထားပြီးသားလေ ၊ ဘယ်နားမှာ ပတ်သက်မှုရှိလို့လဲ"

"တကယ်တော့ အဲ့ကွာရှင်းစာချုပ်က အတုကြီးပါဗျ ၊ ရှေ့နေတွေနဲ့ တမင် လိမ်လိုက်တာပါ"

ALPHA :MY HUSBAND Where stories live. Discover now