7

34.6K 1.4K 76
                                    

Unicode

"M4A1 ကိုင်တဲ့ လက်ဖြောင့်ဂိုဏ်းသားတစ်ဦးက ပြေးနေတဲ့ ပြစ်မှတ်ကို ပြစ်ဖို့ အချိန် ၂၅စက္ကန့်ပဲလိုတယ် ၊ ဟန်ငြိမ်းကို မြေး အချိန်ဘယ်လောက်ယူမလဲ"

၁၃နှစ်သား ဟန်ငြိမ်းကိုဟာ M4A1သေနတ်အမျိုးအစားကို ပုခုံး‌ပေါ်ထမ်းရင်း

"ကျုပ် ၁၀ စက္ကန့်ပဲ အချိန်ယူမယ် အဖိုး"

"ကောင်းတယ် သိပ်ကောင်းတယ် ၊ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ဆိုရင် အရာအားလုံး အခြားလူထက် သာနေမှရမယ်"

ထိုအချိန် အဖိုးလက်ထောက်မှာ လေ့ကျင့်ရေးကွင်းထဲ အသည်းအသန် ပြေးလာလေ၏။

"မကောင်းတော့ဘူး သခင်ကြီး"

"ဘာဖြစ်တာလဲ"

"သခင်မလေး ဟန်နီနွေး နဲ့ သူ့အမျိုးသား Aနိုင်ငံကိုသွားတဲ့လမ်းမှာ လုပ်ကြံခံရတယ် ၊ သခင်မလေး ယောကျာ်းအလောင်းကိုရှာတွေ့ပေမဲ့ သခင်မလေးကတော့ ပျောက်နေတယ်"

"အဲ့အနီးနား တစ်ဝိုက်ကိုရော ရှာပြီးပြီလား"

"ဟုတ်ကဲ့ ၊ ကျွန်တော်တို့ အကုန်ရှာပြီးပါပြီ"

"အဲ့နားကို လူတွေ ထပ်ဖြည့်ပြီး ပိုက်စိပ်တိုက်ရှာ"

"ဟုတ်ကဲ့ဆရာ"

လက်ထောက် ထွက်သွားမှ

"အဖိုး ၊ ဒယ်ဒီဆုံးပြီလား"

မျက်ရည်တွေဝိုင်းကာ အဖိုးဖြစ်သူကို မေးလိုက်တော့

"မျက်ရည်တွေ မကျနဲ့ ၊ အဖိုးတို့လောကမှာ လူသေတိုင်းသာ မျက်ရည်ကျရရင် နေ့တိုင်းအလုပ်မလုပ်ရပဲ ထိုင်ငိုနေရလိမ့်မယ်"

"အဟင့်...ဟုတ်"

"မြေး မှတ်ထား ၊ ဒီလောက်ကမှာ အင်အားကြီးသူကသာ အနိုင်ရမှာ ၊ မြေးချစ်တဲ့လူတွေကို ကာကွယ်ချင်ရင် မြေး အင်အားကြီးနေမှရမယ် ၊ ထိုင်ငိုနေလို့ မရဘူး ၊ သွေးကြွေးအတွက် သွေးကြွေးနဲ့ ပြန်ဆပ်မှရမယ်"

ကျချင်နေသည့် မျက်ရည်တွေကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်းသုတ်လိုက်ကာ

"ဟုတ် ကျုပ်မှတ်ထားပါ့မယ် အဖိုး"

"မှတ်ထား ဒီလောကမှာ ဘယ်သူ့ကိုမှ မယုံရသလို ၊ ဘယ်သူ့ကိုမှ လွယ်လွယ်နဲ့ ချစ်လို့မရဘူး"

ALPHA :MY HUSBAND Where stories live. Discover now