16

25.4K 1.1K 21
                                    

Unicode

ဆေးရုံတစ်ခုအတွင်း ဆရာဝန်များပြေးလွှားနေရပြီး ရှုတ်ရှက်ခတ်နေလေသည်။

"ဆရာ စိတ်လျော့ပါ ၊ သခင်လေး ဘာမှမဖြစ်တော့ပါဘူး"

"အင်း"

အပေါ်အင်္ကျီလက်တို ခဲရောင်၏ ညာဘက်တွင် သွေးအချို့စွန်းထင်းနေလေပြီး မျက်နှာအမူအယာသည် ရေခဲရိုက်ထားသလို အေးခဲနေပြီး ဘာတွေ တွေးနေသလဲဆိုတာ ခန့်မှန်းမရခဲ့။

"ဆေးလိပ်သွားဝယ်ခဲ့"

"ဟုတ်ကဲ့ ဆရာ"

အရေးပေါ် အခန်းထဲတွင် ဆေးကုသမှု ခံယူနေရသည့် သခင်လေးဟာ အသက်ရှင်ဖို့ ရာခိုင်နှုန်းများသော်လည်း ယခုထိ စိတ်မအေးရသေး။

အဆုတ်ထဲ ရေရောက်သွားတာကြောင့် တော်တော်ကုယူနေရသည်။

ကောင်းမြတ်ထူး ယူလာသည့် ဆေးလိပ်ကို သောက်ရင်း အရေးပေါ်အခန်းရှေ့ မတ်တပ်ရပ်နေမိသည်မှာ အတော်ကြာနေလေပြီ။

ကြောက်စရာကောင်းသည့်အရှိန်အဝါတွေနှင့် အေး‌စက်စက်လေထုကြောင့် ဟန်ငြိမ်းကိုအား မည်သူမှ ဆေးလိပ်မသောက်ရန် မတားခဲ့ပေ။

"စိတ်ချရပါပြီ အခု ရိုးရိုးအခန်းရွှေ့မလား VIPခန်းထဲ ရွှေ့မလားဗျ"

"VIP ခန်းထဲပဲရွှေ့ပါမယ် ဒေါက်တာ"

မလှုပ်မယှက်ဖြစ်နေသည့် ဆရာ့ကြောင့် ကောင်းမြတ်ထူးကပဲ ဖြေလိုက်ရတော့သည်။

"ဒါဆို လူနာ ကုတင်ကို လိုက်ရွှေ့ပေးပါနော်"

"အင်း"

ဟန် အခန်းထဲလိုက်ဝင်ကာ ကောင်လေးကို တိုက်ရိုက်ပဲ ပွေ့ချီလိုက်ပြီး ဆေးအပ်တွေနှင့် အခြားဟာတွေကို အနောက်မှ ကောင်းမြတ်ထူးက သယ်လာလေသည်။

ကောင်လေးကိုသာ မကယ်နိုင်ခဲ့လျှင်ဆိုသည့် စိုးရိမ်စိတ်တွေကြောင့် လူက ငိုချလုမတတ်။

ဟန်သာ နည်းနည်းမြန်မြန်ရောက်ခဲ့လျှင် ဒီကောင်လေး ဒီလောက်မဖြစ်နိုင်သလို လီလီနိုင်းလည်း ဒီလိုဖြစ်မှာမဟုတ်။

လီလီနိုင်းဆီက အချက်ပြစနစ်ရသည်နှင့် ဆယ်မိနစ်အတွင်း ရောက်လာခဲ့သော်လည်း အချိန်မမှီတော့။ တစ်ဖက်က နာရီဝက်အတွင်း အကုန်လှုပ်ရှားသွား၏။

ALPHA :MY HUSBAND Where stories live. Discover now