Unicode
"ဟား...ဟား တစ်သန်းက မင်းအတွက် ဘာမှ မဟုတ်ပေမဲ့ ဒါက အစပျိုးခြင်းပဲ ဟန်ငြိမ်းကို"
ဝိုင် တစ်ခွက်ကို လက်မှ ကိုင်ရင်း အပြင်ဘက်က ကားတွေသွားလာနေတာကို ကြည့်၍ ရယ်နေတဲ့လူဟာ အသက် ၃၅နှစ် ဝန်းကျင် လူကြီးတစ်ယောက်။ တစ်ဆက်တည်း ခြေထောက်နှစ်ဖက်ပါ မသန်တော့သည့် လူတစ်ယောက်သည် ဝှီးချဲကို အားပြုကာ ထိုင်နေရ၏။
Suit နက်ပြာရောင်ကို ဝတ်ထားပြီး ဝှီးချဲ လက်ကိုင်ကို လက်တစ်ဖက်က ကျစ်ကျစ်ပါအောင်ဆုတ်ရင်း ယခင်ကအကြောင်းတွေကို ပြန်တွေးမိတော့ နားထင်မှ သွေးကြောတွေ ထောင်ထလာလေသည်။
"H Family ပြိုကွဲစေရမယ်"
ထို့နောက် အခန်းထဲတွင် alpha Pheromones တွေဟာ ရန်လိုမှုတွေဖြင့် ပြည့်နှက်ကာ လွင့်ပြယ်နေလေ၏။
'ဒေါက် ... ဒေါက်'
"ပါးပါး ကျွန်တော်ဝင်လာပြီနော်"
"လာခဲ့"
တံခါးအပြင်မှ အသံကြားသည်နှင့် အခန်းထဲမှ Pheromones များသည် အစအနမရှိစွာ ပျောက်ကွယ်သွားလေ၏။
"ပြန်လာပြီလား"
"ဟုတ်ကဲ့ ပါးပါး ၊ ကျွန်တော် အပြင်မှာ ဟန်ငြိမ်းကိုရဲ့ အိမ်ထောင်ဖက်နဲ့ တွေ့ခဲ့တယ်"
"အဲ့တော့...."
"ဟင့်အင်း ပါးပါးကို ဒီတိုင်းလာပြောပြတာ"
"သွားလို့ရပြီ"
"ဟုတ်ကဲ့"
အခန်းတံခါးကို သေချာပြန်ပိတ်ကာ အနောက်တောင်လှည့်မကြည့်ပဲ အမိန့်ပေးနေတဲ့ ပါးပါးကြောင့် အပြင်သို့ပြန်ထွက်လာရသည်။
ဟန်ယိမ်းစေက မိဘနှစ်ပါးလုံးက Betaမလို့ သူကိုယ်တိုင် beta တစ်ယောက်ဖြစ်လာခဲ့သည်။
မားမားဆုံးပြီးတဲ့နောက် သားအဖနှစ်ယောက်ထဲ နေလာသည်မှာ ယိမ်းရဲ့ အသက်၁၀နှစ်ကတည်း ကမလို့ အခုဆို ပါးပါးနဲ့နေလာတာ ၁၀နှစ်နီးပါးရှိလေသည်။
ပါးပါးကို လူတော်တော်များများက အသက် ၃၀ကျော်လို့ ထင်ကြပေမဲ့ တကယ်တမ်းပါးပါးရဲ့ အသက်က လေးဆယ့်ငါးနှစ်ထဲမှာရှိသည်။

YOU ARE READING
ALPHA :MY HUSBAND
Fantasiaငါနိုးလာတော့ ဗီလိန်ရဲ့ ယောကျာ်းဖြစ်နေပြီတဲ့!!! ဟန်ငြိမ်းကို + သက်ပုံခြယ် ဦးဝနထွဋ်ခေါင် + ဟန်ယိမ်းစေ 📌 photo from Pinterest