5

23.5K 1.1K 19
                                    


  Unicode

မနက်ခင်းအိပ်ရာနိုးလာချိန်မှာ သက်ပုံခြယ်တစ်ယောက် မနေ့က အကြောင်းအရာများကို ပြန်စဉ်းစားနေလေသည်။

System { ကောင်းမြတ်ထူးကို အိပ်ခန်းထဲလိုက်ပို့ခိုင်းတယ် }

'ဘာ'

System { မင်း တင်ပါးကို ဟန်ငြိမ်းကိုက ရိုက်သေးတယ် }

'ဘယ်လို ၊ ဒါတော့ လွန်သွားပြီ ယောကျာ်းတစ်ယောက်ရဲ့ သိက္ခာက်ိုချနင်းလိုက်သလိုပဲ'

System { မင်းအိပ်ရာဘေးက စားပွဲပုအောက်မှာ ကွန်ဒုံးဗူးတွေ တွေ့သွားသေးတယ် }

'ငါတော့ အရှက်ကုန်ပြီ ၊ ကုန်းကောက်စရာကိုမရှိတော့ဘူး ၊ ဘာလို့ သက်ပုံခြယ်က ကွန်ဒုံးတွေဆောင်ထားရတာလဲ လီးပဲ'

ဆံပင်စုတ်ဖွားဖြင့် ညကအကြောင်းပြန်တွေးကာ နေစရာမရှိတော့ပေ။

"သေဖို့သာ ကောင်းတယ်ကွာ ၊ ချီး..."

ထိုစဉ် ဘောင်ဘီအိတ်ကပ်ထဲမှ ဖုန်းဝင်လာလေသည်။ ခေါ်ဆိုသူ အမည်ကြည့်လိုက်တော့ ယံ ဆိုသည့် နာမည်ကိုတွေ့ရလေသည်။

"ဟလို"

"ကောင်စုတ်လေး ၊ ဆိုင်ကိုလာပြီး ကူဖို့ အစီအစဉ်ရော ရှိသေးရဲ့လား ဟမ် ၊ ဒီမှာ မားတစ်ယောက်ထဲ မနိုင်တော့ဘူး ၊ ယောကျာ်းရပြီးတော့ ဒီမားမားကို မေ့လိုက်ပြီပေါ့ ဟုတ်လား ၊ ဆိုင်ကို အခုချက်ခြင်းလာခဲ့ ဒါပဲ"

ပြောချင်ရာ ပြောပြီး တစ်ဖက်က ဖုန်းချသွားလေသည်။

"ဟမ် ၊ ဘယ်သူကြီးလဲ ယောကျာ်းအသံကြီးနဲ့ သူ့ကိုယ်သူမားမားတဲ့ ဘာတွေလဲ"

System { ခဏလေး ငါရှာထားပေးမယ် }

'အိုကေ'

System နှင့် သက်ပုံ၏ စကားပြောပုံတွေသည် သူငယ်ချင်းတွေလို ဖြစ်လာ၏။ အရင်ကထက်လည်း ပေါ့ပေါ့ပါးပါး ရှိလာလေသည်။

ရေချိုးကာ အောက်ထပ်ဆင်းလာတော့ ဟန်ငြိမ်းကိုက မနက်စာ စားနေတာကို တွေ့ရလေသည်။

"မနက်စာ စားပြီးရင် မင်းအမေကို ဆိပ်ကမ်း လိုက်ပို့လိုက် ၊ လီလီနိုင်းက ကားမောင်းပို့လိမ့်မယ်"

ALPHA :MY HUSBAND Where stories live. Discover now