9

20.2K 985 11
                                    

Unicode { 18+ }

System [ ဟန်ငြိမ်းကို ကုမ္ပဏီကို လိုက်သွားမလို့လား ]

'ဟုတ်တယ်'

သက်ပုံ ဒီနေ့ စိတ်ထဲမှာ ထင့်နေတာကြောင့် ကုမ္ပဏီကို လိုက်သွားချင်နေတာပင်။လှိုင်းအက္ခရာသာ ဟန်ငြိမ်းကို ကိုမြူစွယ်လိုက်ရင် ဘယ်လိုလုပ်မလဲ။

သက်ပုံပဲ အသက်ဓာတ်လေးကို ဆုံးရှုံးရမှာ။

ထမင်းပို့မယ်ဆိုသည့် အကြောင်းပြချက်ဖြင့် အဒေါ်ကြီးကို ထမင်းဗူး ပြင်ခိုင်းကာ ကုမ္ပဏီသို့ ထွက်လာခဲ့လိုက်သည်။

ကုမ္ပဏီသို့ တစ်ခါမှမရောက်ဖူးတာကြောင့် လီလီနိုင်းကသာ ‌အရှေ့ကနေ ဦးဆောင်ခေါ်သွားလေ၏။

"ရောက်ပါပြီ သခင်လေး"

သက်ပုံ အနည်းငယ်ပွင့်နေသည့် ရုံးခန်းတံခါးကို ဖွင့်ကာ ဝင်လာလိုက်တော့ အထဲတွင် လဲကျနေသည့် လှိုင်းအက္ခရာနှင့် လှိုင်းအက္ခရာကို ဒေါသတကြီး ကြည့်နေသည့် ဟန်ငြိမ်းကို ကိုတွေ့ရလေ၏။

"ကိုကို ဘာတွေ ဖြစ်နေတာလဲ"

သက်ပုံ ဘက်ကို လှည့်လာသည့် ဟန်ငြိမ်းကို မျက်ဝန်းတစ်စုံသည် နီရဲနေကာ သက်ပုံကို မြင်မှ တစ်ဖက်မှာ ရွှေရောင်ပြောင်းသွားလေ၏။

"ဘေဘီလေး"

ခြေလှမ်းကျဲတွေဖြင့် သက်ပုံ အနားလျှောက်လာပြီး လူကို သူ့ကိုယ်ထဲ မြုပ်နေအောင် ပွေ့ဖက်ထားလေ၏။

ပုံမှန်အချိန်ဆို သက်ပုံ၏အရပ်ဟာ အဲ့လူ၏ ရင်ဘက်သာသာပဲရှိတာမလို့ ယခုလို သူပွေ့ဖက်ခံရချိန်တွင် သက်ပုံ၏ခြေထောက်များသည် ခြေဖျားထောက်ထားရ၏။

"ဘေဘီလေး ကိုယ် rutဝင်နေပြီထင်တယ်"

သက်ပုံ၏ ပုခုံးကြားခေါင်းတိုးဝှေ့ကာ အသံအက်ရှရှဖြင့်ပြောလာတာကြောင့် သက်ပုံတစ်ကိုယ်လုံး ကြက်သီးထသွားရသည်။

"အိမ်...အိမ်ပြန်ရမယ်"

"အွန်း"

အဲ့လူက rut ဝင်တာ ဒီလိုမျိုး လူကပ်တတ်တာလား။သက်ပုံကို ဖက်ထားသည်မှာ လုံးဝခွာမရပေ။

"လွှတ်...လွှတ်ဦးလေ"

အဲ့တော့မှ လွှတ်ပေးပြီး သက်ပုံ၏ လက်ကိုဆွဲကာ ရုံးခန်းထဲမှ ခြေလှမ်းကျဲတွေဖြင့် ထွက်လာလေသည်။

ALPHA :MY HUSBAND Where stories live. Discover now